Zawgyi
________Jen - Jen သိပါတယ်။ Jen ရဲ့ အနားမှာအမြဲ ရှိနေပေးပါ Li။ အခုတော့ ဆရာဝန်သွားခေါ်လိုက်မှာမို့ ခဏစောင့်ပါ။
သူဆွဲထားတဲ့လက်ကို ဖြုတ်ချပြီး ဆရာဝန်ကို သွားပြောရတယ်။ အရှေ့မှာစောင့်နေတဲ့သူ့မိသားစုကိုရောပေါ့။
Jen - Li သတိရလာပြီရှင့် Jen ဆရာဝန်ကို သွားပြောလိုက်အုံးမယ်နော်
Chae - နေ နေ Jen Unnie သွားလိုက်မယ်
Jen - ရတယ် Unnie Li ကိုပဲ သွားတွေ့လိုက်ပါ Kai Oppa နဲ့ Jen ပဲသွားလိုက်ပါ့မယ်
Kai ကို ခေါ်ပြီး ဆရာဝန်တွေကို သွားအကြောင်းကြားလိုက်တယ်။ တကယ်တော့ Kai ကို တမင် ပ,ထုတ်လာတာပါ။ Li နဲ့ မတွေ့စေချင်ဖူး။ ဘာကြောင့်ရယ်ဆိုတာ Jen သိပါတယ်။ ဒါပေမယ့် Jen ကလွဲရင် ဘယ်သူမှ မသိကြပါဖူး။
သြော်..... မေ့တော့မလို့ပဲ Jen နဲ့အတူ Jen Diary စာအုပ်လေးပါ သိသေးတာကိုး။အကြောင်းကြားပြီးလို့ ဆရာဝန်တွေရောက်လာကြတယ်။ စစ်ဆေးမှု့တွေပြုလုပ် ဘာညာနဲ့
အတော်ကြာတော့ Li လဲ ပင်ပန်းလို့ထင်ပါရဲ့။
အိပ်ပျော်သွားပြီပဲ။ Jen တို့လဲ ပြန်သင့်ပြီလေ။ သူ့မိသားစုကို နှုတ်ဆက်ပြီး Jen ရယ် Unnie ရယ် Kai Oppa ရယ် အတူ ပြန်လာခဲ့ကြတယ်။အခန်းထဲရောက်ရောက်ခြင်း တနေကုန်ပင်ပန်းခံခဲ့သမျှ ရေနွေးနွေးလေးနဲ့ ရေချိုးကန်ထဲမှာရေဝင်စိမ် ဝိုင်လေးတခွက်ရယ်နဲ့ အနားယူနေမိတယ်။
မျက်လုံးမှိတ်လိုက်တိုင်း လူတစ်ယောက်ပုံဟာ ပေါ်ပေါ်လာတယ်။ အထက်တန်းမရောက်ခင်အထိ ခိုင်မာခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ အခုချိန်မှာတော့ ဝေဝေဝါးဝါးပါပဲ။
ဒီနှစ်မတိုင်ခင်ထိ မျက်စိမှိတ်တိုင်း ပေါ်လာခဲ့တဲ့သူဟာ လူတစ်ယောက်တည်း အသေအချာဖြစ်ခဲ့ဖူးပါလျှက် အခုချိန်မှာ ဝေခွဲမရစွာ ဖြစ်နေခဲ့ပြီလေ။
စဉ်းစားနေလဲ အပိုပဲမို့ လက်ထဲက ဝိုင်ကို အကုန်မော့ချလိုက်ရင်း ရေကို ကမန်းကတန်းချိုးလိုက်တယ်။ ပြီးတာနဲ့ ထုံးစံအတိုင်း Diary လေးဆီကို ခြေလှမ်းတွေရောက်သွားရပြန်တယ်။
ပြောချင်တာတွေ အားလုံးရေးချပြီးတဲ့အခါမှာတော့ အံဆွဲလေးထဲ ထည့်ကာသိမ်းထားလိုက်ရင်း မီးပိတ်ကာ အိပ်စက်အနားယူခြင်းသို့.....

YOU ARE READING
Regret (ZawGyi + Unicode)
Fanfictionအချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သားတည်း ကျနေသ၍ မင်းကို မြတ်နိုးစွာချစ်သွားမယ် ဆူး မှန်း သိနေရဲ့နဲ့တောင်ပေါ့😊 အချစ်ရဲ့ ဒဿ နတွေသာ ဖွင့်ရရင် ပြီးဆုံးနိုင်ပါအုံးမလား ဒီကောင်းကင်နဲ့ ဒီမြေကြီး တစ်သ...