Ch-3

469 55 6
                                    

Uni

ဒီနေ့ KS အရမ်းတက်ကြွနေမိသည်။ ဘာလို့ဆို အမည်မသိတဲ့ ပန်းပို့သမားလေး ပန်းပို့နေတာ ဒီနေ့ဆို ရက် 100 ပြည့်ခဲ့ပြီ။ သူပို့ပေးနေတဲ့ ပန်းလေးတိုင်းမှာ အဓိပ္ပါယ်တစ်မျိုးဆီရှိနေတက်ပြီး အဓိပ္ပါယ်တွေက စိတ်ဝင်စားဖို့ကောင်းလွန်းသည်။ ပန်းတွေမှာ သူတို့ရဲ့ကိုယ်ပိုင် အဓိပ္ပါယ်ရှိတယ်ဆိုတာ သူငယ်ချင်း ထယ်ဟီး ပြောမှပဲသိရသည်။ နောက်တော့သူပို့ပေးသမျှပန်းတွေရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်ရှာတော့သည်။ အဓိပ္ပါယ်တွေသိရလေ ။ အမည်မသိပန်းပို့သမားလေးကို အရမ်းသိချင်လာသည်။ မရမကစုံစမ်းပေမဲ့ ဘာမှမသိခဲ့ရပေ။ နောက်ဆုံးလက်လျော့လိုက်ကာ သူပို့ပေးတဲ့ပန်းလေးတွေကိုသာ တယုတယ ဂရုစိုက်မိသည် ။ KS ကိုယ့်ကိုယ်ကိုရူးနေပြီလို့တောင်ထင်မိသည်။ ဘယ်သူမှန်းတောင်မသိတဲ့လူတစ်ယောက်ကို နှလုံးသားထဲမှာနေရာပေးမိလျက်သားဖြစ်နေခဲ့ပြီ။ ရက်တစ်ရာအတွင်းပန်းပို့သမားလေးက KS ကိုလွှမ်းမိုးထားနိုင်ခဲ့လေပြီ။

" Kyungsoo ရေပါဆယ်ကွ "

အသံကြားတာကြောင့် လှည့်ကြည့်မိတော့ KS တွေးနေရာမှ ရပ်တန့်သွားကာ

" ဟုတ် လာပြီ "

KS ပါဆယ်ထုတ်ကို ယူလိုက်တော့ အခန်းထဲက လူတွေလည်းစိတ်ဝင်စားနေကြသည်။ သူတို့လည်းသိကြပါသည် ။ KS ကိုနေ့တိုင်းမပျက်မကွက်လာပို့နေတဲ့ပန်းတွေအကြောင်း ။ ဒီနေ့ ရက်တစ်ရာပြည့်လို့ ထယ်ဟီး ဖွထားတာကြောင့် အကုန်လုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ KS ပါဆယ်ထုတ်ကိုဖြေလိုက်ချိန်တွင် သေသပ်စွာထုပ်ပိုးထားတဲ့ နှင်းဆီနီပန်းစည်းတစ်ခုက လှပစွာ ။

" wow လှလိုက်တာ Kyungsoo ဘယ်နှစ်ပွင့်လဲ ရေ ကြည့်ရအောင်"

ဆိုကာ ရေတွက်ကြည့်တော့ စုစုပေါင်း 101 ပွင့် ။ ပန်းစီးထဲက ကဒ် ကိုထုတ်ကြည့်တော့ KS ရယ်နေတဲ့ ပုံလေးကို ခဲသားဖြင့်သာဆွဲထားတဲ့ပုံလေး ။ ပုံလေး အောက်မှာက

"အမြဲတမ်းပြုံးနေပေးပါ မောင်။ မောင့် ရဲ့အပြုံးက ကိုယ်အတွက်ဆေးတစ်ခွက်မို့ပါ.........
               မင်းရဲ့အရိပ်လေး Ĉĥăñ"

အရိပ်ကလေးရဲ့ပုံပြင်(Z+U)Where stories live. Discover now