Uni
5 နှစ် ကြာသွားပေမဲ့ ပိုင်ရှင်မရှိတဲ့ Diary စာအုပ်အဟောင်းလေးကို Jungmyeon ငေးကြည့်နေမိသည်။ ပိုင်ရှင်မရှိဘူးဆိုတာထက် ပိုင်ရှင်ကိုယ်တိုင်က သူ့ဆီကိုအပ်ထားတာကြောင့် စာအုပ်လေးကိုကြည့်ကာ သက်ပြင်းတွေအကြိမ်ကြိမ်ချမိခဲ့သည်။ ပိုင်ရှင်တော့မသိပေမဲ့ သူကိုယ်တိုင်ကတော့ ဒီစာအုပ်လေးကိုမကြာခနဖတ်ပြီး ငိုခဲ့ဖူးသည် ။ အခုလည်း JungMyeon ထိုစာအုပ်လေးကိုကိုင်ကာ အစကနေပြန်မိပြန်တယ် .......
Diary
ချစ်ရတဲ့ မောင်
ဒီစာကိုဖတ်နေတဲ့အချိန် ငိုနေမလား
မောင်....မငိုပါနဲ့မောင် ကိုယ်ဟာ မောင့်မျက်ရည်တွေနဲ့မတန်တဲ့ကောင်မို့ မငိုဖို့ပထမဆုံးပြောချင်တယ်မောင်........
2015,5,24
မောင် ဒီနေ့ ကိုယ်ဆေးရုံတက်ရတယ်မောင် ..... သွေးကင်ဆာ နောက်ဆုံး အဆင့်လို့ပြောတုန်းက ကိုယ်ရူးမတက်ဘဲ မောင် .....
ကိုယ်သေရမှာမကြောက်ပေမဲ့ မောင့်ကို လောကကြီးအလယ်မှာ ဘာမှမသိတဲ့ကောင်လေးတစ်ယောက်အဖြစ် မရှင်သန်စေချင်ဘူးမောင်....
ကိုယ် မရှိတော့အချိန် မောင် တစ်ယောက်ထဲ ရပ်တည်နိုင်ဖို့အတွက် ကိုယ်ကြိုးစားရတော့မယ် မောင်.....
2015,6,24
ဒီနေ့က မောင် ကိုယ်တို့ Ent ထဲဝင်တဲ့နေ့ မောင်
ကိုယ် မောင့် ကို မြင်လိုက်တုန်းကဆို အပျော်လွန်ပြီး ကလေးတစ်ယောက်လို ထခုန်မိသေးတယ် မောင် ...
မောင့်သူငယ်ချင်းတွေက မောင့်ကိုအရူးလို့ ဝိုင်းပြီးထောပနာပြုတာ ခံလိုက်ရသေးတယ်....
ပြီးတော့ မောင် မောင့်ကို ပန်းတွေပို့နေတာ 1 လပြည့် မောင်.....
မောင် မသိပေမဲ့ ဒီနေ့မောင်ပို့ပေးတဲ့ပန်းလေးတွေနဲ့ပျော်ရွှင်ပါစေ မောင်.....
2015,7,17
ဒီနေ့က မောင် တို့ Debut day
ကိုယ် အရမ်းဝမ်းသာတာပဲ မောင်
ကိုယ်အရမ်းပျော်လွန်းလို့ ဖော်မပြတက်တော့ဘူး မောင်.....