Uni
Chanyeol ပြတင်းပေါက်ရဲ့အပြင်ကို အခန်းထဲကနေလှမ်းကြည့်နေမိတယ်။ တကယ်ဆို သူဒီရောက်နေတာ 5 လရှိပြီ။ KS ကိုနိုင်ငံခြားသွားတယ်ဟုပြောခဲ့ပေမဲ့ အခုချိန်ထိဒီနိုင်ငံမှာရှိနေတုန်းပါ။ သူဒီမှာရှိနေတာ Xuimin hyun တို့အကုန်သိပေမဲ့ မသိတာဆိုလို့ ငယ်လေး နဲ့ မောင် သာရှိသည်။ (KS ကို မောင် လို့ပဲနာမ်စားသုံးပါရစေ)
မောင် က သူ့အပေါ်တစ်ခြားသူတွေထက်ပင်ရင်းနှီးလာတာကြောင့် သူအဲ့အိမ်ကနေထွက်လာခဲ့ခြင်း။ သူ ဘယ်သူ့ကိုမှမနာကျင်စေချင်ပါ။ ငယ်လေးက သူ့ညီလေးဖြစ်ပြီး မောင် က သူအမြတ်နိုးဆုံးလူသားကြောင့် ။ မောင် မသိအောင် မောင့် ကို ခနခန သွား ကြည့်ရတာက တကယ်ကိုမလွယ်ပါ။ မောင်များမြင်သွားမလား ငယ်လေး များသိသွားမလား ဆိုတဲ့စိတ်နဲ့မောင့်ဆီကိုသိပ်မသွားဖြစ်။ xuimin hyun တို့အကူညီကြောင့်သာ မောင် ရဲ့မျက်နှာလေးက်ုမြင်ရသည်။ မတွေ့ရတဲ့ရက်တွေမှာ မောင်ဟာ တစ်ရက်ထက်တစ်ရက် ပိုချောလာသည် ။ မောင့်ရဲ့ ဓာတ်ပုံတွေ 3 မိနစ်စာ Video တွေမှာ ငယ်လေးကို မောင့်ဘေးနားမှာအများဆုံးတွေ့ရသည်။ သူရှိတုန်းကဆို ငယ်လေးက မောင့်အနားမှာနေဖို့မပြောနဲ့ စကားတောင်လိုအပ်မှပြောတဲ့ ငယ်လေးက အခုလိုပြောင်းလဲသွားတာမြင်ရတော့ သူတကယ် ပျော်မိပါသည် ။ ဒီနေ့က မောင်တို့ Debut တဲ့နေ့။ သူ့ကိုလာစေချင်ကြတယ်ဆိုတာ သိပေမဲ့ သူမထနိုင်။ ဟုတ်သည် သူ့ကျန်းမာရေးကအခြေအနေမှမကောင်းဘဲ ။ သူငေးနေတွေးနေတုန်းRing Ring Ring
ဘေးမှာချထားတဲ့Phလာတာကြောင့်ကြည့်လိုက်တော့ xuimin hyun ဆီက
Chan : " ဟယ်လို hyun "
Xui : " Yeolli yar ဒီနေ့မင်းလာခဲ့လို့ရမလား "
Chan : " hyun ကျွန်တော် "
Xui : " မင်းသဘောပါ ငါတို့က မင်းမလာလဲဖြစ်တယ် လာရင်တော့ welcome ။ နေရထိုင်ရတာအဆင်ပြေတယ်မလား။ တစ်ခုခုလိုရင်phဆက်။ ငါတို့က ညီအစ်ကိုတွေပဲဟာ အားနားစရာမရှိပါဘူး။ KS နဲ့ ငယ်လေးက ပိုပြီးရင်နှီးနေကြပြီ။ နှစ်ယောက်စလုံးကျန်းမာရေးလည်းကောင်းတယ်။ အစားလည်းသေချာစားတယ်။ ဟက် KS က ဟင်းချက်တက်တာကိုး။ ပြီးတော့မနက်ဆိုလည်းနှစ်ယောက်သားလေ့ကျင့်ခန်းတွေဘာတွေထလုပ်လို့ ။ ရယ်စရာတွေအများကြီးပြောပြီးလည်းရယ်ကျသေးတယ်။ KS က အကမှာလည်းတော်လာသလို အသံကလည်းပိုမိုက်လာတယ်။ သူ့ကို Main vocal အနေနဲ့ပွဲထုတ်မယ်ထင်တယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာ မင်းကို ငယ်လေးရောသူရော မျှော်နေကြတယ်ကွ။ ငါတို့လည်းတွေ့ချင်တယ် yeol ။ ph ချလိုက်တော့မယ်နော် yeol ။ ပြန်လာဖို့မပြောပေမဲ့ မင်းကိုငါတို့သတိရနေတာတော့ မင်းသိပေးပါ။ "
![](https://img.wattpad.com/cover/227860352-288-k168447.jpg)