Ch-6

359 48 12
                                    

Uni

ကလေးတစ်ယောက်လို အခန်းတစ်ခုလုံးကိုလိုက်ပြီးကြည့်နေတဲ့ KS ကို Baekhyun ငေးကြည့်နေမိသည်။

KS : " hyun ဒါကြီးက ကျွန်တော်နေရမဲ့အခန်းလား "

Baek : " ...... "

KS : " hyun hyun baekhyun hyun!! "

Baek : " ဟင် အင်း ​ဘာပြောလိုက်တာလဲ KS "

KS : " ဒီအခန်းမှာ ကျွန်တော်တစ်ယောက်ထဲနေရမှာလားလို့ "

Baek : " ဟုတ်တယ်လေ ဘာဖြစ်လို့လဲ တစ်ယောက်ထဲကြောက်လို့လား "

KS : " ဟီး နည်းနည်း ။ အခန်းကြီးကလည်းအကျယ်ကြီး။ ပြီးတော့ ကျွန်တော် နည်းနည်းစိမ်းနေသေးလို့ပါ "

Baek : " ဟက် ဟုတ်ပါပြီကွာ ကိုယ်လာအိပ်ပေးမယ်။ ကိုယ်မဟုတ်ရင် တစ်ခြားတစ်ယောက်လာအိပ်လိမ့်မယ် ဟုတ်ပြီလား "

KS : " ဟုတ် ဟို "

Baek : " ဘာမေးချင်သေးလို့လဲ "

KS : " ဟို အိမ်ရှေ့မှာတွေ့ခဲ့တဲ့အကို နဲ့ ဟို အိမ်ထဲ ကကျွန်တော်မသိတဲ့အကိုလေ သူတို့က....."

Sehun : " မင်းနဲ့ဘာဆိုင်လို့လဲ "

KS တို့အခန်းဝမှာစကားရပ်ပြောနေတုန်း အသံကြားလို့ကြည့်မိတော့ KS မသိတဲ့သူ။ Baek ကတော့ ချက်ချင်းရုပ်တည်သွားပေမဲ့ ပြန်ပြင်လိုက်တာကို KS မြင်ဖြစ်အောင်မြင်လိုက်ပါသည်။ အပြင်မှာရှိနေတဲ့Hyun တို့အကုန်လုံးကပါရောက်လာလေသည်။

All : " ငယ်လေး / sehun "

KS : " ဟိုကျွန်တော်က ဒီအတိုင်း.."

Minseok : " အခန်းထဲပြန်ဝင် sehun "

Se : " ဘာလို့ဝင်ရမှာလဲ hyun ။ နောက်တော့လည်း သိမှာပဲ အစကတည်းကဖွင့်ပြောသင့် "

Minseok&Kai : " ငယ်လေး!!! "

Chen : " အခန်းထဲဝင်တော့ hunလေး ။ "

Baek : " ငယ်လေး လိမ္မာပါတယ်ကွာ အခန်းထဲ ဝင်နေနော် "

Se : " ကျစ် "

" ဒုန်း "

KS ကိုမျက်စောင်းထိုးကာ အခန်းထဲဝင်သွားသော Sehun။

KS : " ဟို ကျွန်တော်က "

Baek : " ရတယ် ။ မင်းလည်းသိချင်မှာပေါ့ သိချင်တာ အဆန်းမဟုတ်ပါဘူး ။ ညကြရင် အကုန်လုံးနဲ့မိတ်ဆက်ပေးမယ် ။ ပြီးတော့ ကိုယ်တို့အကြောင်းတွေကိုလည်း သိသင့်သလောက်ပြောပြမယ် ဟုတ်ပြီလား။ အခုတော့ နားလိုက်အုံး။ တစ်ယောက်ထဲ ကြောက်ရင် ကိုယ် သူတို့စကားခနပြောပြီးပြန်လာခဲ့မယ် ။ Ok?? "

အရိပ်ကလေးရဲ့ပုံပြင်(Z+U)Where stories live. Discover now