Uni
(ဒီအပိုင်းက Chanရဲ့အတွေးနဲ့သူ့ဘဝအကြောင်းပါ)
Park Chanyeol ဆိုတဲ့ကျွန်တော်က ငယ်ငယ်လေးထဲက မိဘနှစ်ပါးကိုဆုံးရှုံးခဲ့ရသူပါ။ မေမေ က သွေးကင်ဆာနဲ့သေဆုံးခဲ့သလို။ ဖေဖေ ကတော့ မေမေ့စိတ်နဲ့အရက်မူးကာ car accident ဖြစ်ကာသေဆုံးခဲ့လေသည်။ မေမေရဲ့အမ ကျွန်တော့်အဒေါ်က ကျွန်တော်ကိုမွေးစားခဲ့ကာ ဖေဖေ့လုပ်ငန်းအကုန်လုံးကို သူကိုယ်တိုင်ဦးစီးပေးခဲ့သည်။ မေမေ့မှာအမေတစ်ယောက်ပဲရှိသလို ဖေဖေကတော့ နစ်ဦးတည်းသောသားဖြစ်တာကြောင့် ဖေဖေရဲ့မေမေ ဘွားဘွားကလဲ ကျွန်တော့ကို စောင့်ရှောက်ပေးခဲ့ကြသည်။ ဘွားဘွားရော ဒေါ်လေးရောကြောင့် ကျွန်တော်ကဘဝကိုဖေနဲ့မေမရှိပေမဲ့ကောင်းကောင်းမွန်မွန်ကြီးပြင်းခဲ့ရသည်။ ပြီးတော့ ဒေါ်လေးရဲ့ သား ကျွန်တော့် အကို Wu yifan လည်းကျွန်တော့ဘေးမှာရှိသည်။ hyun က အရမ်းချစ်သလို ဒေါ်လေးရော ဒေါ်လေးရဲ့ယောင်္ကျားကပါ ကျွန်တော့်ကို တကယ့်မိသားစုဝင်အဖြစ် ဆက်ဆံပေးခဲ့ကြသည်။ကျွန်တော်က မိစုံဖစုံအဖြစ်ကြီးပြင်းခဲ့ရသည်။ ကျွန်တော့်ဘဝက ဖေနဲ့မေမရှိတာကလွဲလို့ပျော်စရာကောင်းခဲ့သည် ။ ကျွန်တော့် ဘဝထဲကိုလူတစ်ယောက်မဝင်လာခင်ကပေါ့။ ကျွန်တော့်မှာ အရင်းနှီးဆုံးသူငယ်ချင်း 7 ယောက်ရှိသည်။ ကျွန်တော့်ဘဝမှာ ဘွားဘွား ၊ ဒေါ်လေး နဲ့ဦးလေး ၊ ပြီးတော့ hyun ၊ နောက်ပြီး သူတို့7ယောက်ကကျွန်တော့်ရဲ့အရေးကြီးလို့သတ်မှတ်ထားတာ။ သူတို့ဟာကျွန်တော့်အတွက်မရှိမဖြစ်အရေးတဲ့သူတွေပါ။ အခုတော့ ကျွန်တော့်ရဲ့ အောက်စီဂျင်ကိုတွေ့ခဲ့ရသည်။ ကျွန်တော့်ဘဝထဲကိုကျွန်တော်တောင်မသိလိုက်ဘဲဝင်လာတဲ့သူက ကျွန်တော့အတွက် အောက်စီဂျင်လေး။ သူနာမည်က Do Kyungsoo တဲ့ ။ သူ့ကိုဆိုင်တစ်ဆိုင်မှာ သီချင်းဆိုနေတာကို တွေ့ခဲ့တာ။ သူ့ရဲ့အသံ သူရဲ့အမူအရာလေးတွေ သူ့ရဲ့အရာအားလုံးကို အဲ့မှာစတင်သဘောကျမိခဲ့သည်။ သူမသိအောင်သူ့အကြောင်းတွေစုံစမ်းတော့ အဆိုတော်ဖြစ်ချင်တဲ့သူ့ရဲ့အိမ်မက်ကိုသိခဲ့ရသည်။ နောက်ပြီး သူ့ရဲ့အိမ်မက်ကိုအကောင်ထည်မဖောနိုင်ဘူးဆိုတာကိုလည်းသိခဲ့ရသည်။ မိဘနှစ်ပါးလုံး car accident ကြောင့်သေဆုံးခဲ့သည်တဲ့။ တစ်ယောက်ထဲဘဝကိုရုန်းကန်ခဲ့ရသည်။ ဆွေမျိုးတောင်မရှိတဲ့သူ့ရဲ့ဘဝကိုသိသိချင်းမျက်ရည်ကျခဲ့သည်။ Car accident ဖြစ်ရတဲ့အကြောင်းကိုစုံစမ်းကြည့်တော့ ကျွန်တော်အဖေကြောင့် မိဘနှစ်ပါးလုံးကိုဆုံးရှုံးခဲ့ရသည်တဲ့။ကျွန်တော့်ဖေဖေရဲ့အမှားကြောင့်တဲ့လား။ ကျွန်တော်က ကျွန်တော်ဖေဖေ Car accident ဖြစ်ပြီးနောက် ဖေဖေကိုဆုံးရှုံးခဲ့ရပေမဲ့ မိသားစုဘဝလေးကိုမဆုံးရှုံးခဲ့။ ကျွန်တော်က ကျွန်တော့်ကိုဂရုစိုက်မဲ့သူရှိခဲ့ပေမဲ့ သူကတော့ ငယ်ငယ်လေးနဲ့ မိသားစုကိုဆုံးရှုံးခဲ့ရသည်။ ဒါတင်ပဲလား ကျွန်တော်က မိသားစုနဲ့ပျော်နေချိန်မှာ သူကတော့လမ်းပေါ်မှာ စျေးရောင်းရင်းပိုက်ဆံရှာခဲ့ရသည်။ ကျွန်တော်က ကိုယ်ပိုင်ကားနဲ့ကျောင်းတက်နေတဲ့အချိန် သူကတော့ အချိန်ပိုင်းအလုပ်တွေလုပ်ကာကျောင်းချိန်မှီအောင်အပြေးအလွှားကျောင်းတက်ရသည်။ ကျွန်တော်အပေါင်းအသင်းတွေနဲ့ပျော်နေတဲ့အချိန်သူကတော့ အပေါင်းအသင်းမရှိပဲသူများအနိုင်ကျင့်တာခံခဲ့ရသည်။ ကျွန်တော် အဲ့အကြောင်းတွေသိသိချင်းမှာ မေ့လဲသွားခဲ့သည်။ ကျွန်တော်နိုးလာတော့ ဘွားဘွားကိုမေးခဲ့သည်။ ဘာကြောင့် သူ့ကိုမွေးစားဖို့မလုပ်ခဲ့တာလဲ့လို့မေးတော့။ ငယ်ငယ်လေးနဲ့မာနကြီးတဲ့ကောင်လေးတဲ့ သူ့ကိုပိုက်ဆံတွေသွားပေးတော့ မလိုအပ်ဘူးပြောကာ ပြန်ခိုင်းခဲ့သည်တဲ့။