Ch-4

420 53 2
                                    

Uni

ဒီနေ့က KS ကို Entertainment ကနေ 5 ယောက် Group ဖြစ်တဲ့ Universe memberဝင် အဖြစ်မိတ်ဆက်ပေးတဲ့နေ့ပါ။ Member တွေကတော့ Chen Baekhyun Kai Minseok  နဲ့ Kyungsoo တို့ပါ။
Kyungsoo က Universe အဖွဲ့ရဲ့နောက်ဆုံး Memberပါ။ သူတို့အဖွဲ့ရဲ့ Debut ကလည်း အခုလအတွင်းလုပ်ဖြစ်မှာပါ။ KS ကတော့သူ့ကိုသူ Universe member ဖြစ်တာမယုံသေး။ Universe ရဲ့ member တွေက အရမ်းတော်တယ်လို့ Training ဆင်းနေတဲ့သူတွေကြားမှာ နာမည်ကြီးနေခဲ့တာ။ CEO ကိုယ်တိုင်ကအဲ့လေးယောက်ကို အရေးပေးတာကြောင့် လူတကာအားကျရတဲ့အဖွဲ့အသစ်တစ်ခု။ လူသစ်ထပ်ထည့်မယ်လို့ အိမ်မက်တောင်မမက်ခဲ့။ အဲ့လူသစ်နေရာမှာ KS ကိုယ်တိုင်ဖြစ်နေမယ်လို့ တွေးတောင်မတွေးမိ။ KS အဝေးကနေပဲ အားကျနေခဲ့ရတဲ့ Boy band တစ်ခု။ ဒါပေမဲ့သူက Universe ရဲ့ memဖြစ်ပြီးတော့ နောက်ဆုံးmemလို့ လာပြောတုန်းကဆို အိမ်မက်ထင်ပြီး ကိုယ့်ပါးကိုတောင်ပြန်ရိုက်မိခဲ့သည်အထိ။ Ent ကအတိအလင်းcomfirmခဲ့သည်။ KS သတိထားမိခဲ့တာ တစ်ခုရှိသည်။ သူ့ဆီကို ပန်းစည်းဒါမှမဟုတ်ပန်းပွင့်တွေရောက်လာတဲ့နေကစပြီး သူခက်ခဲနေသမျှအကုန်အဆင်ပြေသွားခဲ့သည်။KS ငှါးနေတဲ့တိုက်ခန်းက စျေးကြီးလို့ နည်းနည်း လောက် ဖြစ်ဖြစ်စျေးလျော့ပေးခိုင်းတာကို မရဘူးဆိုကာမောင်းထုတ်ခဲ့ပေမဲ့ နောက်တစ်ခါသွားပြောတော့ တိုင်ခန်းခကို 3ပုံပုံ ၂ ပုံတောင်လျော့ပေးသွားသည်။ သူအရင်တုန်းကနေတဲ့နေရာထက်စျေးကြီးပေမဲ့ပေါ့။ KS က မိဘတွေမရှိတော့တာကြောင့် တစ်ယောက်ထဲနေသည်။ အချိန်ပိုင်းအလုပ်ကိုလည်းအပြေးအလွှားလုပ်ရသေးသည်။ အချိန်အပိုင်းအလုပ်ဆိုမှ အစက အချိန်ပိုင်းအလုပ်တောင် မနည်းရှာကာရုန်းကန်နေသည်။ ဒါပေမဲ့ ပန်း အဲ့ပန်းတွေရလာပြီးနောက်ပိုင်း အချိန်ပိုင်းအလုပ်တောင် နေရာအတည်တကျရှိလားပြီး လစာပါပိုရလာသည်။ Bonuse ​တွေလည်းခဏခဏရသည်။ ​Night out တွေဆိုလည်း သူများထက်ပိုရတက်သည်။ ဘာကြောင့်ပေးတာလဲလို့မေးရင် သူလုပ်တာသဘောကျလို့ဆိုတဲ့အကြောင်းပြချက်ပဲထွက်လာသည်။ ထူးဆန်းပေမဲ့လည်း မသိချင်ယောင်ဆောင်နေရသည်။ စိတ်ထဲမှာတော့ သူအောင်မြင်တဲ့တစ်နေ့ အဲ့လူကိုသေချာပေါက်ရှာမည်ဟု။ KS ဘယ်လောက်တောင်တွေးနေမိမှန်းမသိ Baekhyn hyun ခေါ်မှအသိပြန်ဝင်လာသည်။

အရိပ်ကလေးရဲ့ပုံပြင်(Z+U)Where stories live. Discover now