Ch-18

268 35 14
                                    

Uni

အချစ်မဟုတ်ခဲ့ပေမဲ့ လှည့်စားခဲ့တဲ့ ဘဝကံကြမ္မာရဲ့ကြောင့် ကိုယ်တို့နှစ်ယောက် ပြန်ဆုံတွေ့နိုင်ပါအုံးမလား..........

မိုးရေစက်တွေလို စီးဝင်ကာသွားတဲ့ နှလုံးသားရဲ့တစ်ထောင့်တစ်နေရာမှာ ညီရဲ့အပြုံးတွေရှိနေဆဲပဲ.......

မျက်ရည်တွေကျနေတဲ့ ညီကို ထွေးပွေ့ထားချင်ပေမဲ့ အခွင့်မှမရှိဘဲ....
အဝေးကဘဲ ငေးကြည့်နေပေါ့.....

🌸🌸" သံယောဇဥ် " ဆိုတဲ့ ကြိုးလေးတစ်ချောင်းက မမြင်ရပေမဲ့ အရင်ကိုခိုင်မာလွန်းတယ်....... 🌸🌸

တောင်းပန်ပါတယ် သူငယ်ချင်း
မင်းချစ်ရတဲ့သူကို စည်းကျော်မိခဲ့လို့........

မင်းမရှိတော့ပေမဲ့ အဝေးကနေသူ့ကို ငါစောင့်ရှောက်ပေးနေပါတယ်
အနီးကပ်မစောင့်ရှောက်ပေးနိုင်လို့ စိတ်ဆိုးနေမလား......
ငါသူ့ကို မေ့နိုင်တဲ့တစ်နေ့ သူ့ဆီကိုငါအရောက်သွားမှာပါ........

မင်းဖြစ်စေချင်သလို သူ အခု အရမ်းကို တောက်ပတဲ့ ကြယ်ပွင့်လေး တစ်ပွင့် အဖြစ်သူရပ်တည်နေပြီကွ.....

မင်းဆန္ဒတွေပြည့်သွားလို့ပျော်နေမလား .......

မင်းရင်ခွင်မဟုတ်တဲ့ တစ်ခြားတစ်ယောက်ရင်ခွင်မှာရှိနေမဲ့ ညီ့ ကို မင်းကကြည့်နေနိုင်ပေမဲ့ ငါမကြည့်နိုင်သေးဘူး........

အကုန်လုံးက ငါ့ဆီကအဖြေကို ငံ့လင့်နေကြပေမဲ့ ငါအခုထိအဖြေမပေးနိုင်သေးဘူး.........

5 နှစ်ဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခုက လူတစ်ယောက်ကို ချစ်နိုင်သလို မေ့နိုင်တဲ့ အချိန်အတိုင်းအတာ တစ်ခုမလား... မင်းသိတယ်မလား ငါအကောင်းဆုံး​အဖြေကိုဘဲ ရွေးချယ်မယ်ဆိုတာ.....အဲ့တာဆို အခုငါဘာတွေးနေလဲဆိုတာမင်းသိမှာပါ.....

ငါပြုံးနေတယ်သိလား
မျက်ဝန်းထဲက အရည်တစ်ချို့ကိုလျစ်လျူရှုပြီးတော့...

ငါပြုံးနေတယ်သိလား
အသက်မပါတဲ့ နှုတ်ခမ်းတစ်စုံနဲ့....

ငါပြုံးနေပါတယ်
အကုန်လုံးပျော်ဖို့အတွက်ပေါ့.....

ငါပြုံးနေတယ်
ရင်ထဲက ဒဏ်ရာတစ်ချို့ကို မသိချင်ယောင်ဆောင်ပြီး......

အရိပ်ကလေးရဲ့ပုံပြင်(Z+U)Where stories live. Discover now