~ zawgyi ~
ရိပေါ်ကအမှုကိုreportတင်ဖို့ရှိတာမို့စောစောထွက်လာလိုက်တယ်
"ဟေး ဆရာဝမ်"
ဝင်ဝင်ချင်းခေါ်သံကြားလို့ကြည့်လိုက်တော့
ရှောင်းကျန့်
မသိချင်ယောင်ဆောင်ပြီးအလုပ်စားပွဲမှာဝင်ထိုင်
လိုက်တယ်"ဆရာဝမ် စောလှချည်လား "
"ဆရာဝမ် ဘာစားလာလဲ"
"ကော်ဖီသွားသောက်ကြမလား"
"ဆရာဝမ် ဟေး ဆရာဝမ်"
ဝမ်ရိပေါ်စီကတစ်ခွန်းမှတုန့်ပြန်မလာတော့
ရှောင်းကျန့်ကမျက်နှာချင်းဆိုင်ကစားပွဲခုံအောက်
ခြေကိုနှစ်ချက်သုံးချက်လောက်ဆင့်ကန်လိုက်တော့
ဝမ်ရိပေါ်ကမျက်ခုံးကြီးတွေကျုံ့လို့မော့ကြည့်တယ်
ရှောင်းကျန့်ကသွားဖြီးပြီးရယ်ပြတော့ရူးနေလားဆို
တဲ့ပုံမျိုးနဲ့ကြည့်ပြီးပြန်ငုံ့သွားတယ်ဝမ်ရိပေါ်ကတကယ်ပျင်းစရာကောင်းသည့်လူမျိုးပင်
ရုပ်တည်ကြီးနဲ့စကားလည်းတစ်ခွန်းမှမပြောဘူး
ဒါပေမဲ့ဝမ်ရိပေါ်ရဲ့မျက်မှောင်ကုတ်ထားတဲ့ပုံကြီးက
တကယ်ချစ်ဖို့ကောင်းသည်ရှောင်းကျန့်ကော်ဖီသွားဖျော်ရင်းဝမ်ရိပေါ်ကိုပါသတိရမိတော့သူ့အတွက်ပါတစ်ခွက်ပိုဖျော်လာလိုက်
တယ်ရိပေါ်ရဲ့စားပွဲပေါ်ကော်ဖီခွက်တွန်းပေးလိုက်တော့
တစ်ချက်ထပ်မော့ကြည့်တယ်ပြီးတော့
ခေါင်းကြီးကပြန့်ငုံ့သွားတဲ့ရိပေါ်ကိုကြည့်ပြီး
ရှောင်းကျန့်ကဟွန့်ခနဲနှာခေါင်းရှုံ့တယ်
ဒီကောင်လေးကိုယ့်အထက်အရာရှိတစ်ယောက်လုံး
ကကော်ဖီဖျော်လာပေးတာတောင်မှကျေးဇူးတင်ရ
ကောင်းမှန်းနားမလည်ဘူးရှောင်းကျန့်ကတစ်ခုခုကိုတွေးရင်ဘောပင်ကိုစားပွဲခုံနဲ့ခေါက်တတ်တာကြောင့်အလုပ်ခန်းထဲမှာရှောင်းကျန့်ရဲ့ဘောပင်ခေါက်သံကတဒေါက်ဒေါက်နဲ့
ရိပေါ်သက်ပြင်းခပ်ကြီးကြီးတစ်ခုကိုချတယ်"ရှောင်းကျန့် ကျွန်တော်တောင်းပန်ပါတယ်
တစ်ချက်လောက်ငြိမ်ငြိမ်လေးနေပေးလို့ရမလား
ကျွန်တော်ဒီမှာအလုပ်ထဲအာရုံစိုက်လို့မရဘူး"