~ zawgyi ~
အမှုတွဲတွေကြည့်နေရင်းဘဲလ်သံမြည်လာတာ
ကြောင့်အလုပ်စားပွဲကနေထလာခဲ့ရသည်။
တံခါးမဖွင့်ခင်အပေါက်လေးကနေဘယ်သူလဲလို့
ကြည့်လိုက်တော့ ရှင်းအာ။ကျစ်! ဘာလာလုပ်ပြန်တာလဲမသိဘူး။
စိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေကိုထိုးဖွပြီး
မဖွင့်ပေးလည်းမကောင်းတာကြောင့်ဖွင့်ပေးလိုက်ရသည်။"ကျန့်"
"ရှင်းအာ ဘာကိစ္စရှိလို့လဲ"
"အာ ကျန့်ကလဲသူစိမ်းဆန်လိုက်တာကွာ
ကိစ္စရှိမှလာရမှာလား တို့ကိုအိမ်ထဲပေးမဝင်တော့ဘူးလား"လွန်ခဲ့တဲ့အပတ်ကသူနဲ့ရှင်းအာပြန်ဆုံပြိီးကတည်းကရှင်းအာကရှောင်းကျန့်ကိုအဆက်အသွယ်ပြန်
လုပ်လာပြီး အကြောင်းအမျိုးမျိုးပြကာရှောင်းကျန့်စီရောက်လာတတ်သည်။ရှောင်းကျန့်ဖယ်ပေးလိုက်တော့အကျွမ်းတဝင်ရှိနေ
ကြလိုမျိုးဆိုဖာပေါ်ဝင်ထိုင်တယ်"ဘာသောက်မလဲ ရှင်းအာ"
"ဘာဖြစ်ဖြစ်ရပါတယ် ဘာမှတကူးတကလုပ်မနေပါနဲ့ ရှင်းအားကကျန့်ကိုတွေ့ချင်ရုံသက်သက်လာခဲ့တာ"
သက်ပြင်းတစ်ချက်ရှိုက်ရင်းရှင်းအာရှေ့ဝင်ထိုင်
လိုက်တယ်"မင်း ဘာလို့အခုလိုတွေလုပ်နေလဲဆိုတာကိုယ်
တကယ်နားမလည်တော့ဘူး ရှင်းအာ။
မင်းနဲ့ကိုယ်ကဒီလိုမျိုးဝင်ချင်တိုင်းဝင်ထွက်ချင်
တိုင်းထွက်လို့ရမယ့်ဆက်ဆံရေးမျိုးမဟုတ်တော့ဘူးထင်တယ်"သူအဲ့လို့ပြောလိုက်တော့မျက်လုံးလေးတွေမှိုင်းကျ
သွားပြီးခေါင်းငုံ့လို့လက်ကိုင်အိတ်ကြိုးကိုလုံးချေ
နေသည်။
စိတ်မကောင်းဖြစ်သွားမှာသိပေမဲ့ဒီကိစ္စကိုအပြတ်
ဖြတ်ရမည်။
မဟုတ်ရင်ဒီလိုလိုက်ကပ်နေတာရှောင်းကျန့်စိတ်
ရှုပ်လွန်းလို့သေနိုင်တယ်။"တို့ပြောတယ်လေ တို့ကျန့်ကိုသတိရလို့ပါလို့"
"ကိုယ်လည်းခုနကပြောလိုက်တယ်လေ သတိရတိုင်းကိုယ့်စီလာရအောင် ကိုယ်တို့ကဘာမှမှမဟုတ်
တော့တာလို့"