Three

2.1K 272 12
                                    

~ zawgyi ~

"တောင်းပန်ပါတယ် ကျွန်တော်နောက်ကျသွား
တယ် အကိုတို့အကြာကြီးစောင့်လိုက်ရလား"

"ရပါတယ် ကိစ္စမရှိပါဘူး ကိုယ်တို့လညရောက်
တာသိပ်မကြာသေးပါဘူး"

"ကဲ ဒါဆိုအကိုတို့စကြမလား"

ကောင်းလေးဘက်ကအဆင်သင့်ဖြစ်ကြောင်းပြတာနဲ့ရှောင်းကျန့်တို့ကစတင်သည်

"လိမေ့မသေဆုံးခင်တစ်ရက်ကညီလေးနဲ့အတူရှိနေခဲ့တာနော်"

"ဟုတ်ပါတယ် လိမေ့နဲ့ကျွန်တော်နဲ့ကနောက်
လဆိုလက်ထပ်ကြတာ့မှာပါ အဲ့ဒါကြောင့်အဲ့နေ့က
သူနဲ့ကျွန်တော်ဝတ်စုံသွားကြည့်ကြတာပါ"

သိပ်မကြာခင်မှာလက်ထပ်ရတော့မဲ့သတို့သမီး
လောင်းကိုဆုံးရှုံးလိုက်ရတဲ့ကောင်လေးရဲ့မျက်ဝန်း
တွေမို့အစ်မှိုင်းညို့လို့

"ညီလေးနဲ့လိ့မေအဆင်မပြေတာမျိုးတွေ
ပြဿနာတွေဘာတွေဖြစ်ကြသေးလား"

"ချစ်သူရည်းစားသဘာဝကတောက်ကစလေးနည်း
နည်းတော့ရှိပေးမဲ့ဒီရက်ပိုင်းမှာတော့သူအရမ်းကို
ပျော်နေခဲ့တာပါ"

"ဒီအတောအတွင်းမှာရောလိမေ့နဲ့ပတ်သက်လို့
ထူးခြားတာမျိုးရောဘာတွေတွေ့မိလား"

"ထူးထူးခြားခြားရယ်လို့တော့မတွေ့မိဘူး
ကျွန်တော်သိသလောက်ပြောရရင်လိမေ့မှာ
ကိုယ့်ကိုယ်ကိုသတ်သေလောက်တဲ့ပြဿနာမျိုးမရှိတာတော့သေချာတယ် ဝတ်စုံသွားကြည့်တဲ့နေ့က
အထိကျွန်တော်နဲ့အနာဂတ်အစီအစဉ်တွေချနေရင်း
ပျော်ရွှင်နေတဲ့သူကရုတ်တရက်ကြီးဒီလိုလုပ်တယ်
ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး ဟုတ်တယ်မလား
အကိုတို့ကျွန်တော့်ကိုအမှန်တရားပေါ်အောင်ကူညီပေးကြပါ"

ကောင်လေးကပြောရင်းပင်မျက်ရည်တွေကျရင်း
နာကျင်ဟန်အပြည့်နဲ့ရှောင်းကျန့်တို့ကိုတောင်းဆို
လာသည်

"အကိုတို့ကူညီပေးပါ့မယ် အဲ့ဒီအစားညီလေးကအကိုတို့ကိုလိမေ့နဲ့ပတ်သက်တာတွေအကုန်
ပြောပြပေးပါ"

လိမေ့ရဲ့သတိုးသားလောင်းဖြစ်သူရှင်းရွန်ပြောပြ
သည့်လိမေ့အကြောင်းတို့ကိုမှတ်သားပြီးနောက်မှာ
သူတို့နောက်ထပ်လိုအပ်တာတွေစစ်ဆေးဖို့အတွက်
နောက်တစ်နေရာသို့သွားရပြန်သည်
သူတို့ရင်ခွဲရုံကပြန်လာတော့အချိန်ကညရှစါနာရီ
ပင်ရှိနေပြီ

Follow My Illumination Where stories live. Discover now