Eleven

1.3K 142 3
                                    

~ zawgyi ~

ပိတ်ရက်ဖြစ်တဲ့အပြင်ညကလည်းအိပ်ရာဝင်နောက်ကျတာမို့နည်းနည်းလောက်ထပ်အိပ်ဖို့တွေးထား
ပေမဲ့စောစောစီးစီးမှာကျယ်ကျယ်လောင်လောင်
ထွက်ပေါ်လာတဲ့တံခါးဘဲလ်သံကြောင့်အတင်းကုန်း
ရုန်းထပြီးတံခါးသွားဖွင့်ပေးရတော့တယ်။

ပျင်းကြောဆန့် သန်းဝေရင်းဖွင့်ပေးလိုက်တော့
တွေ့ရတာကမျက်ပေတုံးနဲ့သူ့ကိုစိုက်ကြည့်နေတဲ့
ဝမ်ရိပေါ်

"ဝိုး ဝမ်လောင်ရှီးစောစောစီးစီးရောက်လာတာပဲ"

"ဘာကိုစောစောစီးစီးလဲ နာရီလေးဘာလေးလည်း
ပြန်ကြည့်အုံး ၁၂နာရီကျော်နေပြီ"

"ဟမ် အဲ့လောက်တောင်ရှိနေပြီလား ကိုယ်ကအခုမှအစောကြီးရှိသေးတယ်ထင်နေတာ"

"ခင်ဗျား ဒီတစ်သက်အဲ့မှာပိတ်ရပ်နေတာဖယ်ပေးအုံးမှာလား"

"အာ ဝင်ပါ ဝင်ပါ ဝမ်လောင်ရှီး ဝင်ပါ ခဏလောက်
စောင့်ဦးနော် ကိုယ်မျက်နှာသွားသစ်လိုက်ဦးမယ်"

ရှောင်းကျန့်ထွက်သွားပြီးတာနဲ့ရိပေါ်လည်းလက်ထဲကအထုပ်တွေကိုစားပွဲပေါ်တင်လိုက်ပြီးဖုန်းသုံးရင်း
စောင့်နေလိုက်တယ်

"ဝါး ရှောင်းရှောင်းစောစောစီးစီးဘယ်သူနဲ့စကားပြောနေတာလဲ"

မျက်နှာကိုလက်နဲ့ပွတ် တစ်ဝါးဝါးသမ်းရင်းညအိပ်ဝတ်စုံဝမ်းဆက်ကြီးနဲ့အခန်းထဲကထွက်လာတဲ့လူကို
ကြည့်ပြီးဝမ်ရိပေါ်ရဲ့မျက်ခုံးနှစ်ဖက်ကတွန့်ချိုးကုန်
တယ်

"ဟမ် ဧည့်သည်ရောက်နေတာလား"

ထိုင်နေတဲ့ရိပေါ်ကိုတွေ့သွားတော့ဟိုဘက်ကလူက
ကြောင်တောင်တောင်နဲ့ပြုံးပြလာပေမဲ့ဝမ်ရိပေါ်တို့က
တော့နဂိုတွန့်ချိုးထားတဲ့မျက်ခုံးတွေကိုနှစ်ဆတင်ပြီးမျက်နှာကြောကိုတင်းရင်းထားတာပျက်ထွက်
သွားမှာတောင်ဆိုးရတယ်

ဝမ်ရိပေါ်ရဲ့မျက်နှာကြောကြီးပိုကြည့်ပြီးဟိုတစ်ယောက်ကဆက်ပဲပြုံးပြရမလို့ ထိုင်ပဲတောင်းပန်ရမလိုလိုနဲ့ဘာလုပ်လို့လုပ်ရမှန်းမသိ

မျက်နှာကြီးတည်ပြီးစိုက်ကြည့်နေတာအိပ်ချင်နေတဲ့
စိတ်တွေပျောက်ပြီးကြက်သီးတောင်ထတယ်ဟ!
စောက်ကျိုးနည်း!!!

Follow My Illumination Where stories live. Discover now