~ zawgyi ~
ရှောင်းကျန့်အခန်းထဲဝင်ဝင်ချင်းကုတင်ပေါ်မှာထထိုင်ဖို့လုပ်နေတဲ့ယွဲ့ချင်းကိုထိုင်လို့ရအောင်ထူပေးလိုက်တယ်
"ညီမဘယ်လိုလဲ နေရတာအဆင်ပြေရဲ့လား"
ယွဲ့ချင်းကဘာမှမပြောပဲခပ်သာသာလေးခေါင်းညိတ်ပြတယ်
"အင်း ညီမအဆင်ပြေပြီဆိုရင်အဲ့ညကဘာဖြစ်ခဲ့တယ်ဆိုတာအကို့ကိုပြောပြပေးနိုင်မလား"
ရှောင်းကျန့်မေးပြီးတာနဲ့ယွဲ့ချင်းရဲမျက်လုံးတွေကစ
ပြီးလှုပ်လှုပ်ရှားရှားဖြစ်လာတယ်၊
တဖြည်းဖြည်းနဲ့မျက်ဆန်နက်နက်ရဲ့လှုပ်ရှားမှုတွေကပိုပြီးကယောက်ကယက်ဖြစ်လာသလို
လက်တွေကိုကျစ်ကျစ်ပါအောင်ဖိဆုပ်ထားတာကြောင့်လက်သည်းတွေကအသားထဲစိုက်ဝင်ပြီး
သွေးစတစ်ချို့ကလက်တွေမှာပေကျံကုန်တယ်
ရှောင်းကျန့်ဆရာဝန်ကိုလှမ်းခေါ်ဖို့ပြင်တုန်း
ဘယ်အချိန်ကဝင်လာမှန်းမသိတဲ့ရိပေါ်ကယွဲ့ချင်း
ရဲ့လက်တွေကိုဆွဲခွာပြီးလက်တစ်ဖက်ချင်းစီကိုသူ့
ရဲ့လက်ဖဝါးတွေနဲ့အုပ်ကိုင်ရင်းသူ့ရဲ့မျက်လုံးတွေကို
တည့်တည့်ကြည့်စေတယ်။"ညီမ အကို့ကိုကြည့် ဒီမှာ အကို့မျက်လုံးတွေကို
သေချာကြည့်စိတ်ကိုငြိမ်ငြိမ်ထား အသက်ကိုဖြေး
ဖြေးခြင်းရှု ဟုတ်ပြီ""အဲ့ဒီညကညီမစီကိုလာတာဘယ်သူလဲ
အကို့ကိုပြောပြ"ယွဲ့ချင်းကမပြောချင်သလိုတစ်ဖက်ကိုမျက်နှာလွှဲ
သွားတယ်ကျန်းမာရေးမကောင်းတဲ့သူကိုဖိအားမပေးချင်တာ
ကြောင့်ရိပေါ်တို့နောက်မှဖြေးဖြေးချင်းမေးကြည့်ဖို့
ဆုံးဖြတ်လိုက်တယ်အတန်ကြာတဲ့အချိန်မှာပဲမျက်နှာလွှဲလျက်သားနဲ့ပဲ
ယွဲ့ချင်းစီကအသံထွက်လာတယ်"လိ့မေ"
ရှောင်းကျန့်နဲ့ရိပေါ်တစ်ယောက်ကိုတစ်ယောက်
ကြည့်လိုက်မိတယ်"လိ့မေ....သူ...သူကျွန်မစီလာခဲ့တာ
ပြီးတော့ ပြီးတော့ကျွန်မကိုသတ်ဖို့ကြိုးစားတယ်
ကျွန်မ ကျွန်မ ကြောက်လွန်းလို့ထွက်ပြေးလာခဲ့
တာ သူနဲ့အတူရှိနေရတာပျော်ပေမဲ့ ကျွန်မကို
ကျွန်မကိုသတ်ဖို့ကြိုးစားနေတဲ့သူ့ပုံစံကတကယ်
ကြောက်ဖို့ကောင်းတယ် အဲ့ဒါကြောင့် အဲ့ဒါကြောင့်
ကျွန်မထွက်ပြေးလာခဲ့တာ"