Twelve

1.4K 164 6
                                    

~ zawgyi ~

"ဝမ်လောင်ရှီး"

ရှောင်းကျန့်ခေါ်တော့ရိပေါ်ကအလုပ်ရှုပ်နေသလိုပုံနဲ့
သူ့ကိုမကြည့်လာပဲခေါင်းတစ်ချက်ပဲဆတ်ပြတယ်

"ကော်ဖီသောက်မလားလို့လာမေးတာ"

ရှောင်းကျန့်ရဲ့အဖြေကိုကြားတော့ရိပေါ်ကသူ့ကိုတစ်
ချက်ဆွေကြည့်ပြီးပြန်လှည့်သွားတယ်

"မလိုဘူး"

"ဒါဆိုချောကလက်ကိတ်လေးဖြစ်ဖြစ်စားမလား
ကိုယ်ဝယ်ပေးမယ်လေ"

"မလိုဘူး"

"အား ဝမ်လောင်ရှီးရာငါမှားပါတယ် ငါမှားပါတယ်လို့ စိတ်မဆိုးပါနဲ့တော့"

"ဘာကိုစိတ်ဆိုးရမှာလဲ ဘာတွေလာပြောနေတာလဲ"

"မနေ့ကငါ့ကြောင့်ဝမ်လောင်ရှီးစိတ်ဆိုးသွားတယ်ဆိုတာငါသိပါတယ်
အဲ့အစားငါဒီနေ့ဝမ်လောင်းရှီးစိတ်ဆိုးပြေအောင်တစ်ခုခုပြန်လုပ်ပေးမယ်လေ"

"ရှုပ်လိုက်တာရှောင်းကျန့်ရာ ခင်ဗျားကိုစိတ်လည်းမဆိုးဘူး ဘာမှလည်းလုပ်ပေးစရာမလိုဘူး
လစ်တော့"

ရိပေါ်ရဲ့အသံကနည်းနည်းကျယ်သွားတာမို့ဘေးနားကအလုပ်စားပွဲအသီးသီးကလူတစ်ချို့ကခေါင်းထောင်ပြီးရှောင်းကျန့်တို့အခြေအနေကိုစပ်စုလာကြတယ်

တကယ်ဆိုရှောင်းကျန့်ကရိပေါ်ထက်ရာထူးကြီးတာမလို့ပြင်ပမှာဆိုဘာမှမဖြစ်ပေမဲ့တာဝန်ချိန်မှာတော့
ဒီလိုမျိုးလက်အောက်ငယ်သားစီကအသံကျယ်ကျယ်နဲ့အပြောခံလိုက်ရတာမို့အောင့်သက်သက်ဖြစ်
သွားတာတော့အမှန်ပင်

"ကောင်းပါပြီ ဒါဆိုလည်းရဲအုပ်ဝမ်ရိပေါ်ကလုပ်စရာ
ရှိတာဆက်လုပ်ပါ အနှောင့်အယှက်ပေးမိတဲ့အတွက်စိတ်မကောင်းပါဘူး သွားလိုက်ပါဦးမယ်"

ရှောင်းကျန့်ထွက်သွားမှရိပေါ်လည်းသက်ပြင်းချပြီး
ပြန်ထိုင်လိုက်တယ်

သူဆက်ဆံလိုက်တဲ့ပုံစံကရှောင်းကျန့်အပေါ်လွန်
သွားမှန်းသိတာကြောင့်အနည်းငယ်တော့အားနာ
သွားမိသည်။
ဘာပဲပြောပြောတကယ်ဆိုရှောင်းကျန့်ကသူ့အ
ထက်အရာရှိမလား၊
ရှောင်းကျန့်ရဲ့သဘောကောင်းမှုအပေါ်မှာသူကအ
ခွင့်ကောင်းယူပြီးဆိုးသွမ်းနေမိသလိုဖြစ်နေပြီ
ရှောင်းကျန့်တော်တော်ရှက်သွားမယ်ထင်တယ်။

Follow My Illumination Where stories live. Discover now