~ zawgyi ~
"ညီမနာမည်ကယွဲ့ချင်းပါ ညီမနဲ့လိမေ့က
အလယ်တန်းထဲကခင်လာကြတာ လိမေ့ကလှလည်းလှတယ် ပညာလည်းတော်တယ် စိတ်ထားလေး
ကောင်းတယ် မိသားစုကလည်းနွေးထွေးတယ်
ဘယ်သူမဆိုလိမေ့ဆိုတာနဲ့အရေးပေးကြတယ်
သူ့မှာလိုအပ်ချက်ဆိုတာမရှိသလောက်ပဲ
သူကညီမအပေါ်လည်းအရမ်းကောင်းတယ်
ညီမမှမဟုတ်ပါဘူး တခြားသူချစ်ခင်ရတဲ့ဘယ်သူ
မဆိုဂရုစိုက်တယ် အဲ့တာကြောင့်လည်း
လူတွေကသူ့ကိုချစ်ကြတာနေမှာ ညီမတို့ကျောင်း
ပြီးသွားတော့နှစ်ယောက်လုံးတစ်နေရာထဲမှာပဲ
အလုပ်အတူတူဝင်ခဲ့တယ် အလုပ်ရောက်တော့
လည်းအဲ့လိုပါပဲသူကလူချစ်လူခင်များတာပဲ
နောက်တော့MDရဲ့အတွင်းရေးမှုးဖြစ်တဲ့သူက
နီးကပ်ပါများပြီးMDနဲ့ချစ်ကျွမ်းဝင်လာကြတယ်
MDကလည်းငယ်ငယ်ချောချောလေးဆိုတော့
နှစ်ယောက်သားကအကုန်လုံးကအားကျရလောက်
အောင်လိုက်ဖက်နေကြရော နောက်တော့
အစစအရာရာပြည့်စုံလိုက်ဖက်နေတဲ့သူတို့နှစ်ယောက်ကလက်ထပ်ဖို့အထိဖြစ်လာကြတယ်
လက်ထပ်ရတော့မှာမိုဒီရက်ပိုင်းအတွင်းလိမေ့က
တအားပျော်နေတာ သူတို့ဘယ်သွားမယ်
ဘာလုပ်မယ်ဆိုတာတွေညီမကိုဖုန်းဆက်ပြီးကြွားရ
တာအမော အဲ့လောက်ပျော်နေတဲ့လူကရုတ်တရက်
ကြီးကိုယ့်ကိုယ်ကိုသတ်သေတယ်ဆိုတော့
ညီမအခုထိကိုမယုံနိုင်သေးဘူး"ကောင်မလေးကပြောရင်းမျက်ရည်တွေပိုးပိုးပေါက်
ပေါက်ကျလာတာမို့ရှောင်းကျန့်သူ့ရဲ့လက်ကိုင်ပဝါ
လေးကိုကောင်မလေးရှေ့တိုးပေးလိုက်တယ်ဝမ်ရိပေါ်ကသူ့ကိုလှည့်ကြည့်တာကြောင့်
ဘာလဲဆိုတဲ့သဘောနဲ့မျက်ခုံးပင့်ပြလိုက်တော့
သက်ပြင်းခပ်တိုးတိုးချရင်းခေါင်းပြန်လွှဲသွားတယ်
ရှောင်းကျန့်မှာတော့ကြောင်တောင်တောင်လေးငါလည်းဘာမှမလုပ်ရပါဘဲဘာဖြစ်ပြန်တာလဲဟ
"အဲ့တာဆိုစိတ်မရှိဘူးဆိုရင် အကိုတို့ကိုညီမ
အကြောင်းလေးပါပြောပြပေးလို့ရမလား"ရိပေါ်ပြောလိုက်တော့ကောင်မလေးကငိုနေရာကနေ
ရုတ်တရက်မျက်နှာအမူအရာကတည်တင်းသွား
တယ်