~ zawgyi ~
မနေ့ကရိပေါ်ကိုစလိုက်တာလွန်သွားတာမို့
တောင်းပန်ဖို့ရှောင်းကျန့်မိုးလင်းထဲကရိပေါ်ရဲ့တိုက်
ခန်းအောက်မှာစောင့်နေတာဖြစ်တယ်
ရင်းနှီးတဲ့လူတစ်ချို့ကိုလည်းစနောက်လေ့ရှိတဲ့
ရှောင်းကျန့်ကမနေ့ကရိပေါ်ရဲ့နီရဲနေတဲ့မျက်နှာလေး
ကိုတော့မျက်လုံးထဲကမထွက်နိုင်အောင်စိတ်မ
ကောင်းဖြစ်နေမိသည်သုံးနာရီနီပါးလောက်စောင့်ပြီးတဲ့အဆုံးမှာထွက်လာ
ပြီဖြစ်တဲ့ရိပေါ်ကိုလက်လှမ်းပြလိုက်တော့ရိပေါ်က
သူ့ကိုမတွေ့သလိုကျော်ထွက်သွားတယ်
ရှောင်းကျန့်ကသူ့ရှေ့တည့်တည့်ကနေလက်လှမ်းပြ
လိုက်တာမို့မမြင်စရာတော့မရှိပါရှောင်းကျန့်နောက်ကနေပြေးလိုက်သွားပြီးရိပေါ်ရှေ့
တည့်တည့်မှာပိတ်ရပ်လိုက်တယ်
ရိပေါ်ကဘေးဘက်ကထွက်ဖို့ပြင်တာကြောင့်
ဘေးဘက်ကိုလိုက်ရွှေ့တယ်
သူလိုက်ရွေ့တော့ရိပေါ်ကတခြားဘက်ကထပ်ထွက်
ဖို့ပြင်ပြန်တော့ရှောင်းကျန့်လည်းလိုက်ရွေ့ရပြန်ရော
ဖြတ်သွားဖြတ်လာတွေကတာ့ခပ်ချောချောကောင်လေးနှစ်ယောက်မနက်စောစောထုတ်စည်းတိုးတမ်းကစားနေကြတာလားဆိုပြီးကွက်ကြည့်ကွက်ကြည့်နဲ့"ရှောင်းကျန့် ခင်ဗျားဘာဖြစ်နေတာလဲ"
ရိပေါ်စိတ်တိုတိုနဲ့မေးလိုက်တော့မှ
ရှောင်းကျန့်ကသူ့ရှေ့သွားကြီးကြီးနှစ်ချောင်းကို
ုပြူးနေအောင်စပ်ဖြဲဖြဲနဲ့ရယ်ပြတယ်
ရှောင်းကျန့်ရဲ့အဲ့ဒီစပ်ဖြဲဖြဲရုပ်ကိုစတွေ့ထဲကလုံးဝကို
ကြည့်မရပေ"ဆရာဝမ်ကလည်းစိတ်ကြီးပဲ ကိုယ်တို့ကတစ်နေ
ရာထဲသွားရမှာပဲဟာ အတူတူသွားကြတာပေါ့""မလိုဘူး ကိုယ့်ဟာကိုယ်သွားတတ်တယ်"
ပြောပြီးထွက်သွားပြန်တာကြောင့်ရှောင်းကျန့်မှာ
နောက်ကနေလိုက်ဆွဲရပြန်သည်"အားယား ဆရာဝမ်ကလည်းမနေ့ကလည်းတူတူ
သွားကြတာပဲဟာကို အားနာစရာမလိုပါဘူး""ရှောင်းကျန့် ခင်ဗျားကျွန်တော်ပြောနေတာကိုနား
မလည်ဘူးလား ဘာတွေလာကြောင်နေတာလဲ
ဒီမှာနားမလည်ဘူးဆိုလည်းပြောပြမယ်
ခင်ဗျားနဲ့လုံးဝမပတ်သတ်ချင်တာဗျာ ရှင်းလား"