~ zawgyi ~
တဖြည်းဖြည်းခြင်းပွင့်လာတဲ့မျက်လုံးတွေက
ပတ်ဝန်းကျင်အနေအထားကိုဝေ့ဝိုက်ကြည့်ပြီးချိန်
မှာသူရောက်နေတဲ့နေရာကဆေးရုံဖြစ်ကြောင်း
ရှောင်းကျန့်သိလိုက်ရသည်။တံခါးဖွင့်သံကြောင့်ကြည့်လိုက်တော့ ရိပေါ်၊
"ခင်ဗျားသတိရပြီလား ဘယ်လိုလဲ နေရတာအဆင်ပြေရဲ့လား "
ခပ်ဖြည်းဖြည်းခေါင်းညိတ်ပြလိုက်တော့
ရိပေါ်ကကုတင်ဘေးကခုံမှာဝင်ထိုင်တယ်။"ခင်ဗျားလည်းနော် ရဲတစ်ယောက်လုပ်နေပြီးတော့
လူသေကောင်မြင်တာနဲမေ့လဲသွားရတယ်လို့
အရင်ကမမြင်ဖူးဘူးဆိုတော့
ဘာလဲ ခင်ဗျားရည်းစားမို့လို့အဲ့လောက်တောင်ဖြစ်
သွားရတာလား ရုပ်ပျက်ဆင်းပျက် "ရှောင်းကျန့်ခပ်ငွေ့ငွေ့သက်ပြင်းတစ်ချက်ကိုချလိုက်ရင်း
"မဟုတ်ပါဘူး ရင်နှီးမှုသံယောဇဉ်လက်ကျန်လေး
တွေကြောင့်စိတ်မကောင်းတာတော့မှန်ပေမဲ့
အခုလိုဖြစ်တာရှင်းအာနဲ့မဆိုင်ပါဘူး""ကဲ အဲ့တာဆိုပြောပါဦး အဲ့ဒီမိန်းကလေးနဲ့မဆိုင်
ဘူးဆိုရင် ဘာကများခင်ဗျားကိုမေ့လဲလောက်တဲ့အထိထိတ်လန့်စေရတာလဲ""အဲ့တာက....ဟို....ကိုယ်အခုပြောပြဖို့အဆင်မပြေ
သေးဘူး နောက်မှကိုယ်ရိပေါ်ကိုသေချာပြောပြပါ့
မယ်"ပြောပြီးတာနဲ့လက်ကဆေးပိုက်ကိုဆွဲဖြုတ်လိုက်
တဲ့ရှောင်းကျန့်ကြောင့်"ခင်ဗျားဘာလုပ်တာလဲ ရှောင်းကျန့် ဆေးသွင်းလို့
မပြီးသေးဘူးလေ"မျက်မှောင်အစုံကုတ်ချိုးနေတဲ့ရိပေါ်ကရှောင်းကျန့်
ကိုအလိုမကျမှုကအထင်းသား"ဒီလောက်နဲ့ကဘာမှမဖြစ်ပါဘူး
ကိုယ်စုံစမ်းစရာတွေရှိသေးတယ်
အခုချိန်မှာကိုယ်အနားယူနေလို့မရဘူး"ရိပေါ်အလောတကြီးထွက်သွားဖို့ပြင်နေတဲ့ရှောင်းကျန့်လက်ကိုလှမ်းဆွဲလိုက်ပြီး
"အဲ့တာကဘယ်လောက်တောင်အရေးကြီးနေလို့လဲ"
ရိပေါ်ရဲ့မေးခွန်းကိုအသက်ဝဝရှုထုတ်လိုက်ရင်း
ပြတ်သားတဲ့အဖြေတစ်ခုကိုပြန်ပေးလိုက်တယ်။