အနမ်းခြွေမယ် ကလေး.........
အပိုင်း ၄
မင်းမြတ်ခွန်း
လေးဘက်ထောက်ကာ ကျွန်တော်သွားရာ ဒူးမနာတမ်း ကောက်ကောက်ပါအောင် လိုက်နေတဲ့ ကိုယ်တော်လေးကို ကျွန်တော်သိပ်ကိုအသဲယားနေပြီဖြစ်သည်။
မိသားစုဆရာဝန်ပြောတာတော့ ကလေးရဲ့ အသက်က အများဆုံး ၆လလောက်ရှိပြီလို့ဆိုသည်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့ လေးဘက်ထောက်သွားတဲ့ အများဆုံးအရွယ်ဟာ ၆လအရွယ်ဖြစ်သည်။
အချို့ကလေးတွေလည်း ၅လနဲ့ လေးဘက်ထောက်သွားတတ်နေကျပြီဖြစ်သည်။ ဝလုံးလေးကျွန်တော်တို့ အိမ်ကိုရောက်တာ ၂လကေျာ်ပြီ ဖြစ်သည်။
"ဝလုံးလေး ကိုကို့ အနောက်ကို အမြဲတမ်းလိုက်နေတာပဲနော်.....
သူ့ကိုပြောမုန်းသိတော့ မော့ကြည့်လာသည်။ ဝလုံးလေးက သိပ်လည်တာဗျ ဝလုံးလေးခေါ်ရင် ကျွန်တော့်အသံမှ မော့ကြည့်တာ ကျန်တဲ့လူအသံဆို ဂရုကိုမစိုက်ဘူးလေ။ ချစ်စရာကောင်းလိုက်တာဗျာ။
ညပိုင်းမေမေစောစော ပြန်ရောက်လာတာကြောင့် မေမေနဲ့ အတူတူ ညစာစားခဲ့ကျသည်။
မေမေနဲ့အတူ ဝလုံးလေးကို ထိန်းရင်း
"မေမေ ဝလုံးလေး မွေးနေ့ကို ဘယ်နေ့ထားမလဲဟင်.......
"ဟမ် ဘာလို့လဲသားရဲ့.....
မေမေက ဝလုံးကို ချီကာချော်မြူရင်း ပြောသည်။ ကျွန်တော်လည်း
"မေွးနေ့သတ်မှတ်ပေးမှ ဝလုံးကို မွေးနေ့လုပ်ပေးလို့ ရမှာပေါ့ မေမေရဲ့........
"အင်းးး.... အဲဒါဆို သားကဘယ်နေ့ လုပ်ပေးမလဲ........
"ဆရာဝန်ကြီးပြောတာ ဝလုံးလေး အသက်က ခြောက်လလောက်ရှိပြီဆိုတော့
သားနဲ့လအတူတူ စက်တင်ဘာလ မှာထားလိုက်မယ်လေ မွေးနေ့လည်းတူတူပဲ ထားလိုက်မယ် သုံးဆယ်ရက်ပဲ.......ဟုတ်ပါတယ် ကျွန်တော့်မွေးနေ့က လွန်ခဲ့တဲ့ ခြောက်လက ပြီးသွားခဲ့ပါပြီ။ မှတ်မှတ်ရရ မေမေကို ကိတ်မုန့်ခွဲဖို့စောင့်ရင်းတောင် အိပ်ပျော်သွားခဲ့တယ်လေ။မေမေအဲနေ့ အလုပ်များတာကြောင့် မွေးနေ့ပွဲမကျင်းပဖြစ်ခဲ့ပါ။

ВЫ ЧИТАЕТЕ
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Любовные романыမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။