Part-14

19.2K 1.6K 27
                                    

အနမ်းခြွေမယ် ကလေး..........

အပိုင်း၁၄

မင်းမြတ်သွန်း

ဆေးခန်းမှာ ကိုကို့ခေါင်းကို ဆေးထည့်ကာ ပတ်တီးစီးပေးလိုက်ရသည်။ တော်သေးတာပေါ့ မချုပ်လိုက်ရတာပဲ။ကိုကို့ကို ​ဟော််တယ်ပြန်ခေါ်လာလိုက်သည်။

အားလုံးကလည်း ညနက်နေပြီမို့ သူတို့ အခန်းသူတို့ ပြန်ကာ အိပ်နေကျသည်။ ကျွန်တော်လည်း ကိုကို့ကို ကုတင်ပေါ်မှာထိုင်စေကာ

"ကိုကိုရော့ ပေါင်မုန့်စားလိုက် ပြီးရင်ဆေးသောက်မယ်နော်.......

ကျွန်တော့်ပေးတဲ့ မုန့်ကိုယူပြီး ကျွန်တော့်ကို ​ပြုံးရင်း စိုက်ကြည့်နေတဲ့ ကိုကို။

"အင်း ဝလုံးလေးရယ် ကိုကိုက အဲလောက်အခြေအနေမဆိုးပါဘူး ရုပ်လေးကလည်း.......

မင်းမြတ်သွန်း မင်းမြတ်ခွန်းကို စိုးရိမ်လွန်နေတာကြောင့် မျက်နာလေးမဲ့ကာ မှိုင်နေသည်။

"ဟင့်.....သားကအရမ်းစိုးရိမ်နေတာ.......

"အင်းပါ ဝလုံး​ေလးလည်း မြင်သားပဲ ကိုကိုဘာမှမဖြစ်တာကို.......

မျက်ရည်တွေကို လက်နဲ့သုတ်ပေးနေတဲ့ကိုကို။ ကိုကို့ကို မုန့်ဖောက်ပေးရင်း ကိုကို့ပါးစပ်နားတေ့ပေးလိုက်သည်။ ကိုကိုပေါင်မုန့်ကို တစ်ကိုက်လိုက်ကာ

"အူးးးး ဝလုံးလေး ကျွေးလို့ထင်တယ် စားလို့ကောင်းလိုက်တာ......

ကိုကိုက ကုတင်ပေါ်မှာ ထိုင်နေသည်။ ကျွန်တော် က ကုတင်အောက်ကနေ ကိုကို့ပေါင်ပေါ် မေးထောက်ထားရင်း ချိုသာတဲ့ ကိုကို့အပြောတို့ကို သဘောကျစွာ ပြုံးရယ်နေမိသည်။

မုန့်ကုန်သည်အထိ ကျွေးပြီးတာနဲ့ ရေနဲ့ဆေးသုံးလုံးကို ကိုကို့လက်ထဲ ထည့်ပေးလိုက်သည်။ ကိုကိုမျက်နာကြီးမဲ့လာကာ

"ဝလုံးလေး ဆေးကခါးလား အားးကျွတ်ကျွတ်.....

"ဘာလို့လဲ နာလာလို့လား......

"အင်းဆေး​မြင်ပြီနာလာတယ် မသောက်လို့မရဘူးလား........

ကလေးတစ်ယောက်လို ဆေးသောက်ခန့်နီး ဂျီကျနေသော ကိုကိုပါ။ အနာက နာတော့ ဂျီ​နေခြင်းဖြစ်သည်။ ကိုကိုလည်း ကလေးဆန်သော အချိန်ရှိတာပဲ။

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniDonde viven las historias. Descúbrelo ahora