Part-5

23.5K 2K 70
                                    

အနမ်းခြွေမယ် ကလေး.............

အပိုင်း..၅

မင်းမြတ်ခွန်း

"ငါ ညီလေးကို စိတ်မချဘူးကွာ.......

"ဘာလို့လဲကွ.......

"ငါ့ဝလုံးလေးနေမကောင်းဘူးကွ.....

စာသင်ချိန်အပြီး ဘေးက ဝေလင်းစိုးကို ပြောပြနေမိသည်။ ဝေလင်းစိုးကလည်း ကျွန်တော့်လို ဝလုံးလေးကို အတော်ချစ်ဟန်တူသည်။ စိုးရိမ်နေပုံရသည်။

"ဟုတ်လားကွ အရမ်း​ဖြစ်နေတာလား....

"အရမ်းမဟုတ်ပါဘူး ရာသီဥတုအပြောင်းအလဲကြောင့်ပါ......

"ဟူးးးတော်ပါသေးရဲ့ကွာ မင်းကလည်း သွန်းလေးကို သေချာဂရုမစိုက်ဘူး......

ဟူးးးး....ဝလုံးလေး နေကောပြန်ကောင်းပြီလား ကျောင်းချိန်ကလည်း ကုန်ကို မကုန်နိုင်တော့ဘူး......

"ခွန်း ငါနင်နဲ့ စကားပြောချင်တယ်......

ဘေးနားလာရပ် ပြောနေတဲ့ တွယ်တာမိုးကြောင့် အနည်းငယ် အံသြလာမိသည်။ အရင်နှစ်ကတော့ သူပဲချေမိုးနေပြီး ခုမှ ဘာလို့လာကပ်နေတာလဲ ဆိုတာ မင်းမြတ်ခွန်းသိချင်နေမိသည်။

ဆံနွယ် နက်နက်ရှည်ရှည်လေးကို စည်းထားပြီး ဘယ်ဘက်ပုခုံးမှာ ချထားတဲ့ တွယ်တာဟာ ယောက်ကျားလေးတိုင်း ငေးမောချင်စရာ လှပလွန်းသည်။ ကျောင်းစိမ်းထမီ သနပ်ခါး ပါးကွပ်ခပ်ပါးပါးလေး တင်ထားပုံ ယာဥ်ယာဥ်လေးနဲ့လှနေသည်။

မင်းမြတ်ခွန်းအမေနဲ့အဖေက ချမ်းသာပေမယ်​့သားဖြစ်သူကို အစိုးရကေ​ျာင်းသာ တတ်စေသည်။

"ဘယ်လိုလဲခွန်း ငါနင့်ကို ကျောင်းနောက်က ညောင်ပင်နားမှာ စောင့်နေမယ်နော်.......

အသံခပ်ခပ်တိုးတိုးလေးကိုသာ သူမဆိုပြီး မသိမသာရဲတတ်လာတဲ့ သူမပါးပြင်ကို လက်နဲ့အုတ်ကာ မခို့တခို့လေး ထွက်သွားခဲ့သည်။

မင်းမြတ်ခွန်း ဘာမှမကြားလိုက်သလို ထိုင်နေတာကြောင့် သူ့သူငယ်ချင်း ဝေလင်းစိုးက

"ဟေျာင့် မင်းကလည်း ဒီလိုအခွင့်အရေးကရခဲတယ် သွားလိုက်..သွားသွား.......

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniDonde viven las historias. Descúbrelo ahora