အနမ်းခြွေမယ် ကလေး...........
အပိုင်း၁၅
မင်းမြတ်သွန်း
မနက်နိုးပြီး ကိုကိုထွက်သွားတာနဲ့ ဒါရိုက်ဘာကို လာမကြိုဖို့ ဘယ်လိုမှာရမလဲ မသိဖြစ်နေသည်။ စိတ်အိုက်လိုက်တာ။
တွေ့လည်းမတွေ့ရဲဘူး။ တွေ့လည်းတွေ့ကြည့်နေသည်။ ချိန်းတွေ့ခြင်းဆိုတဲ့ အရာက ဘယ်လိုဆိုတာ သိချင်နေမိတဲ့ စိတ်က တားမရနိုင်ပါ။
ဒရိုက်ဘာကြီးက ကျောင်းပို့ဖို့ ပြင်နေတုံးမဝေလည်းရှိနေတာကြောင့်
"ဦးလေး သားကို ဒီနေညနေ လာမကြိုနဲ့တော့.......
ဒရိုက်ဘာဦးဘက ကြည့်လာသည်။ ထိုစဥ်မဝေက
"အကိုလေးကလည်း လာမကြိုခိုင်းရင် အကိုလေးက ဘာနဲ့ပြန်လာမှာလဲ........
"အင်း.....အဲ...... ကျော်လွင်လိုက်ပို့မှာပေါ့.......
မဝေက အလိုမကျသလို ကြည့်နေပြီး
"အကိုလေးကလည်း ဘယ်သွားမှာမို့လို့လဲ......
လူကမလိမ်တတ်ပါဘူးဆို မေးခွန်းတွေ မေးနေတဲ့ မဝေကို ဘုကြည့်ကြည့်လိုက်မိသည်။
"မဝေကလည်း ကျော်လွင့်လာပြန်ပို့ပါမယ်ဆို ကျော်လွင့်အိမ်သွားမှာပေါ့ဗျ.......
"ဟင့် အဲဒါဆိုရင်တော့ အကိုလေးခွန်းပြန်မလာခင်ချိန် ပြန်ရောက်အောင်ပြန်လာနော်.......
.စိတ်ထဲကျိတ်ပျော်သွားမိသည်။ မဝေဆိုတာ ခုလိုလွှတ်ဖို့ သိပ်ကိုပြောရသည်။ ခုတစ်ခါတော့ အလွယ်ပြောလို့ရသားပဲ။
"ဒါပေါ့ မဝေရဲ့......
အမြန်ကားပေါ်တတ်လာလိုက်သည်။ မျက်နာကဆော့ မှိုရသလို ပြုံးဖီးနေမိသည်။
#####
မင်းမြတ်သွန်းမသိတာကတော့ မဝေကို မင်းမြတ်ခွန်းကိုယ်တိုင် အလုပ်မသွားခင် ခေါ်ပြောခဲ့သောကြောင့်ဖြစ်သည်။
"မဝေ ဒီနေ့ဝလုံး တစ်ခုခုပြောလာရင် အလိုက်သင့်ပဲ ပြန်ပြောလိုက်နော်.......
"ရှင်အကိုလေး.......
အကိုလေးပြောတာ နားမလည်လို့ ပြန်မေးမိသည်။ အကိုလေးက ဘာကိုအလိုက်သင့်ပြောခိုင်းတာလဲ မသိ။
![](https://img.wattpad.com/cover/228243469-288-k417054.jpg)
ESTÁS LEYENDO
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Romanceမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။