အနမ်းခြွေမယ် ကလေး...........
အပိုင်း၂၀
မင်းမြတ်ခွန်း
အိပ်ပျော်သွားလိုက်တာ နိုးလာလို့ နာရီကိုကြည့်တော့ မနက်၉နာရီပင်ထိုးနေပြီ ဖြစ်သည်။ လစ်ဟာနေတဲ့ ဗိုက်နဲ့ရင်ဘက်ကို လက်ဖြင့်စမ်းလိုက်သည်။
ဒီရင်ဘက်ပေါ်မှာ ဝလုံးတတ်အိပ်ဖူးသည်။ ခပ်ပေါ့ပေါ့အလေးအပင်ကိုယ်လေး မဖိပဲရှိနေတဲ့ ကျွန်တော့်ရင်ဘက်ကို တစ်ခုခုကိုလိုအပ်နေသလိုပင်။
ရေချိုးခန်းထဲကို ဝင်လာကာမျက်နာသစ်ပြီး ရေချိုးလိုက်သည်။ အဝတ်ဗီဒိုကိုဖွင့်ကာအဝတ်ရွေးနေမိသည်။
ဝလုံးလေးရဲ့ အဝတ်တွေထားတဲ့ အကန့်လေးထဲ ဝလုံးလေးအင်္ကျီတစ်ထည်ကို ထုတ်ကာ ကိုယ်သင်းနံလေး ပျောက်မသွားသေးတဲ့ အင်္ကျီလေးကို နာခေါင်းနစ်ဝင်ေနအောင် နမ်းလိုက်မိသည်။ လွမ်းလိုက်တာ ဝလုံးလေးရယ်။
အဝတ်အစားလဲလိုက်သည်။ကုတင်အောက်ကို မျက်နာသုတ်ပဝါက ကုတင်ပေါ်ကနေ ကျသွားတာကြောင့် ကုန်းကောက်လိုက်မိသည်။ ကုတင်အောက်ကို အရင်ကဂရုမထားမိတဲ့ ကျွန်တော်။ အရင်ထိုသေတ္တာကို အမှုမဲ့နေမိတဲ့ ကျွန်တော် ထိုထဲဘာရှိလဲဆိုချင်လာမိသည်။
ပြီးနောက်
ကုတင်အောက်မှာ သိမ်းထားတဲ့ သေတ္တာလေးကို ဆွဲထုတ်လိုက်မိသည်။ သေတ္တာလေးဟာ တစ်ပေပတ်လည်အမြင့်ကတစ်ပေခွဲလောက်ရှိသည်။သေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ကျွန်တော်နူတ်ခမ်းအထက်အပြုံးတစ်ခုရောက်ရှိလာခဲ့သည်။ ကျွန်တော်ဝလုံးလေးအတွက် ဝယ်ပေးခဲ့ ဖူးတဲ့ ပစ္စည်းတွေရှိနေသည်။
အမဲရောင်စာအုတ်လေး မှာ ဝလုံးလေး ဆိုတဲ့ နာမည်လေးထိုးထားသည်။ မှတ်မိတာပေါ့ ကျွန်တော်ကိုယ်တိုင် ဝလုံးလေးငယ်ငယ်ကတည်းက လုပ်ပေးထားတဲ့ ဓာတ်ပုံစာအုတ်လေးလေ ဝလုံးကို လက်ဆောင်ပြန်ပေးထားခဲ့တာ။
စာအုတ်လေးကိုလှန်လိုက်ကာ ဝလုံးလေးကောက်ရတုံးပုံလေးတွေ ငိုနေတဲ့ပုံလေးတွေနဲ့ နေ့စွဲdateလေးတွေ အမှတ်တရအကြောင်းလေးတွေရေးခဲ့သည်။ ကိုကိုလို့စခေါ်တဲ့နေ့လေး လမ်းစလျှောက်တဲ့အချိန်ကပုံ လေးဘက်ထောက်သွားနေတဲ်ပုံလေးတွေ အရာရာအားလုံး ဝလုံးပေါက်စလေးကြောင့် ချစ်စရာကောင်းနေသည်။
![](https://img.wattpad.com/cover/228243469-288-k417054.jpg)
CZYTASZ
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Romansမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။