အနမ်းခြွေမယ် ကလေး.........
အပိုင်း၁၆
မင်းမြတ်သွန်း
ကြားလိုက်ရတဲ့ မဟုတ်ဘူးဆိုတဲ့ အသံက နားထဲပဲ့တင်ထပ်နေသည်။ ကိုကို့ကို မျက်ရည်များကြားငေးကြည့်နေမိသည်။
ဘာကိုမဟုတ်ဘူးပြောတာလဲ။ သိချင်စိတ်ကြောင့် တုံရီနေသော အသံကိုထိန်းကာ ပြောလိုက်မိသည်။
"ဘာကိုမဟုတ်တာလဲကိုကို......
ကိုကိုကျွန်တော့်ကို မျက်လုံးချင်းဆိုင်မကြည့်
"မင်းကငါ့ညီအရင်းမဟုတ်ဘူး.....မင်းကိုမွေးစားထား......
"ဗျာ......
မွေးစားထားတဲ့လား။ မဖြစ်နိုင်ဘူး လုံးဝကို မဖြစ်နိုင်ဘူး။ ကျွန်တော်က ကိုကိုနဲ့သွေးသားချင်းတောင် မတော်စပ်ဘူးတဲ့လား။
မျက်ရည်များ ပါးပြင်သို့ ရစ်ဝဲကျလာမိသည်။
"ကျွန်တော် ကိုကို့ကို အကိုတစ်ယောက်လိုပဲ ချစ်နိုင်တယ် အဲထက်မပိုဘူး ဘယ်တော့မှလည်း ပိုလာမှာမဟုတ်ဘူး......
အကိုတစ်ယောက်ထက် ပိုနေမိတယ်ဆိုတာ မိမိကိုယ်ကိုသာ အသိဆုံးဖြစ်သည်။
ကျွန်တော်အနားကို လျှောက်လာကာ ကျွန်တော်ရှေ့ဒူးထောက်ချလိုက်ပြီး ငိုနေသောကိုကို။"ကိုယ့်ကို အခွင့်အရေးလေးတောင် မပေးနိုင်ဘူးလား ကိုယ်အဲကောင်ထက် မင်းကို အများကြီးချစ်နိုင်တယ်လေ မင်းလိုချင်ရင် ဘယ်အရာဖြစ်ဖြစ်လက်ညိုးထိုးလိုက် ကိုယ်ဖြည့်ဆည်းပေးနိုင်တယ်......
"ကျွန်တော်ကိုခန့်ကိုပဲချစ်တယ်......
"ဘာ...ကွ....
ခွမ်းးး..... ဒုန်းးး...
မိမိရှေ့မှ ထသွားကာ အခန်းထဲ ပစ္စည်းတိုင်းကို ထုရိုက်ဖြတ်ဆီးနေတဲ့ ကိုကို့ကို ကြောက်လန့်တကြားကြည့်နေမိသည်။ ကိုကိုဘယ်တုံးကတည်းက ထိုသို့ကြောက်ဖို့ကောင်းသွားလဲမသိ။
ကျွန်တော်ဆီပြန်လာကာ ကုတင်ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော်ကို သူကြည့်နေသည်။ကိုကိုမျက်ဝန်းတို့မှာ ဒေါသအရိပ်များက မီးများသဖွယ်တောက်လောင်နေသည်။
![](https://img.wattpad.com/cover/228243469-288-k417054.jpg)
VOCÊ ESTÁ LENDO
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Romanceမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။