အနမ်းခြွေမယ် ကလေး
အပိုင်း၂၅
မင်းမြတ်ခွန်း
ဒီနေ့အိပ်ရာထဲ ကွေးနေမိသည်။ ဝလုံးလေးကလည်း အောင်စရင်းသွားကြည့်တာ ခုထိကို ပြန်မလာသေးဘူး။ လူကအန်ပြီး နေလို့မကောင်းလို့ သူခေါ်တာ လိုက်မသွားဖြစ်။ လိုက်ချင်ပါတယ်ဆိုတာတောင် ခေါ်မသွားဘူးလေ။
ညကအိမ်ကိုဖုန်းခေါ်တာ ကျွန်တော်နေမကောင်းတာသိလို့ မလိုက်ကဘူးတဲ့လေ။
အိပ်နေရင်းသာ သူပြန်လာချိန်ကိုစောင့်နေရသည်။ စိတ်ပူလွန်းလို့ ဖုန်းခဏခဏဆက်တာကို ဖုန်းပါပိတ်ထားတယ်လေ ကိုယ်တော်လေးက။
ထိုစဥ်မဝေဝင်လာကာ
"အကိုလေးခွန်း..... ဆန်ပြုတ်ရပါပြီ.....
"ချထားလိုက်နဝေ.... ကျွန်တော်မသောက်ချင်သေးဘူး......
မဝေက ဘေးကစားပွဲမှာ ချထားပြီး ကျွန်တော်အနား ရောက်လာကာ
"ခွန်း သားနေမှမကောင်းတာ တစ်ခုခုတော့ စားလိုက်ပါလား မဝေ စိတ်ပူလာပြီနော်.....
မဝေစကားကြားတော့ မျက်ရည်တောင် အလိုလိုကျလာမိသည်။ နေမကောင်းတာ မေမေဆုံးပြီးကတည်းက ဒါပထမဆုံးဖြစ်သည်။ မေမေရှိစဥ်က နေမကောင်းဖြစ်ရင် ခုလိုနွေးနွေးထွေးဖေးမပေးလေ့ရှိသည်။
"အကိုလေးရယ် မဝေက ဆူတာမဟုတ်ပါဘူး.....
ကျွန်တော်ငိုနေတော့ မဝေက သူဆူသလိုဖြစ်လို့ အားငယ်ပြီး မျက်ရည်ကျတယ်ထင်နေသည်။
"ကျွန်တော့်ကို သားလို့ပြန်ခေါ်ပါလား မဝေ.....
ထိုစဥ်မှ မဝေတစ်ခုခုကို သတိရကာ သူပါမျက်ရည်ကျလာသည်။ ကျွန်တေယ့်နာဖူးကို စမ်းပေးရင်း
"အော်သားလေးခွန်းက သခင်မကြီးဆုံးပြီစကတည်းကမဖျားတော့တာနော် သားကမဝေသားတွေလိုပါပဲကွယ်.......
ကျွန်တော်ပြုံးလိုက်မိသည်။ တကယ်ပင်မိခင်အရင်းမဟုတ်ပေမယ့် ငယ်ငယ်ကတည်း မိခင်ပမာထိန်းလာတဲ့လူမို့ ပိုနွေးထွေးရသည်။
"မဝေ....
"အင်းပြောလေသားခွန်း.....
"မဝေသားတွေဘယ်အရွယ်ရောက်ပြီလည်းဟင်.....
![](https://img.wattpad.com/cover/228243469-288-k417054.jpg)
YOU ARE READING
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Romanceမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။