Part-22

21.2K 1.5K 69
                                    

အနမ်းခြွေမယ် ကလေး.......

အပိုင်း၂၂

မင်းမြတ်ခွန်း

အိမ်ကနေ ကိုမင်းကို မိသားစုကားကြီး မောင်းလာခိုင်းရသည်။ ဝလုံးလေးတို့ အိမ်ကို သော့ခတ်ခဲ့ကာ ကျွန်တော့်အိမ်သို့ ရောက်လာခဲ့သည်။

ဖြစ်နိုင်ရင် မိသားစုအနေနဲ့ အမြဲတမ်းအတူတူ နေချင်တယ်ပြောပေမယ့် ဝလုံးဖေဖေတို့ကလက်မခံ။ သူတို့အိမ်က အလုပ်နဲ့ပိုနီးတာကြောင့် ကျွန်တော်လည်း အတင်းမနေခိုင်းတော့။

မဝေတို့ ခြံစောင့်ဦးလေးတို့ ကိုမင်းနဲ့ကိုမင်းတို့ မဇင်နဲ့မနွယ်တို့ ကားရပ်တာနဲ့ အိတ်တွေ ကူချပေးကျသည်။

ဝလုံးလေးနဲ့ ကျွန်တော်က နောက်ဆုံးမှ ဆင်းလာခဲ့သည်။ ဝလုံးဖေဖေတို့ကတော့ အရှေ့ဆုံးကနေ အိမ်ထဲဝင်သွားကာ ဧည့်ခန်းကျယ်ကြီးနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ငေးမောကြည့်နေကျသည်။


"အိုးးး ဧည့်ခန်းကလည်းကျယ်လိုက်တာဗျာ ကျွန်တော့် အိပ်ခန်းထက်တောင် ကြီးသေးတယ်. ......

ဝလုံးလေးကိုကြီးက ဆိုဖာရှည်ကြီးပေါ် ထိုင်ချကာ ဆိုဖာကိုအိနေတာကို လှုပ်ကြည့်ရင်းပြောလာသည်။

ဝလုံးလေးမေမေနဲ့ဖေဖေပါ ဆိုဖာမှာထိုင်လိုက်ကာ ကျွန်တော်နဲ့ဝလုံးလေးထိုင်နေတဲ့ နောက်ကမိသားစု ဓာတ်ပုံကြီးကို ငေးမောကြည့်နေကျသည်။ပထမပုံကြီးက မေမေရယ်ဝလုံးရယ်ကျွန်တော်ရယ်သုံးယောက်ပုံ။ ဒုတိယက ဖေဖေတစ်ယောက်တည်းပုံ ပြီးနောက် ကျွန်တော်ရယ်မေမေရယ်ဖေ​ဖေရယ်သုံးယောက်ပုံ ဖြစ်သည်။

"အမလေး  တော်ပါသေးတယ် မေမေသားလေးက ခုလိုတခမ်းတနားနဲ့ကြီးပြင်းလာလို့..... ရွှတ်.....

ဝလုံးလေး သူ့မေမေဘေးကိုထသွားကာ သူမေမေနဲ့ဖေဖေကြားဝင်လိုက်သည်။ငို​​ေန တဲ့ သူမေမေကိုဖက်ကာ

"အင်း အဲဒါကြောင့်မေမေနဲ့ပါးက သားအတွက် စိတ်မကောင်းမဖြစ်ပါနဲ့ ကိုကိုက သားအတွက် အမေလိုကောအဖေလိုကော အစ်ကိုတစ်ယောက်လိုပါ ချစ်ပေးခဲ့ပါတယ် သားအခုပိုပြီးပျော်တယ် သားနဲ့ကိုကိုမှာ ဆွေမျိုးရှိခဲ့ပြီ.......

အနမ်းခြွေမယ် ကလေး.......(Completed)Zaw&UniNơi câu chuyện tồn tại. Hãy khám phá bây giờ