အနမ်းခြွေမယ် ကလေး...........
အပိုင်း၁၃
မင်းမြတ်ခွန်း
ညနေစောင်းလောက်ရောက် တော့ ဝလုံးလေးနဲ့အတူ ကမ်းခြေဘက်လျှောက်လာခဲ့သည်။ ငါးကင်စားချင်ပါတယ်ဆိုလို့ ဝယ်လာရသေးသည်။
လက်က ငါးကင်တစ်ကောင်ကိုင်ကာ ကိုက်ကိုက်စားနေတော့သည်။
"စားလို့ကောင်းလိုက်တာ ဟီ့.......
"ကိုကို့ ကိုလည်းကျွေးအုံး.......
" ကျွေးပါပု.......
"ဟာ ဝလုံးနော် အဲလိုလား.......
ကျွန်တော်လည်း ဝလုံးလေးကို စိတ်ဆိုးသလို မကြီးမငယ်နဲ့ နူတ်ခမ်းကြီး ဆူထားကာ စိက်ကောက်နေလိုက်သည်။ ဒါကိုဝလုံးက
"စိတ်ကောက်တာကြီးကလည်း လှလည်းလှဘူး.........
"စိတ်ကောက်တာပဲကွာ လှစရာလိုလို့လား ကိုယ်ကခန့်တာပဲလေ.......
"ဟားးး ဘူပြောလဲ.......
လူကိုစနေတာကြောင့် တွေ့မယ်တွေ့မယ်
"ကောင်းပြီလေ ခန့်မခန့်သိရအောင် ဟိုရှေ့က ကောင်မလေးကို စကားသွားပြောပြမယ် ငါးမီနစ်အတွင်း ကိုကို့ကို အဖြေပြန်ပေးလိမ့်မယ်.......
ကျွန်တော်လည်း ဝလုံးလေးအကြောင်း သိပြီးသားမို့ ထိုသို့ပြောလိုက်တော့ မျက်မှောင်ကြီးကျုံကာ စိုက်ကြည့်နေသည်။
ကျွန်တော် သွားဖို့ ခြေလှမ်းပြင်လိုက်သည်။ တစ်လှမ်း နှစ်လှမ်း သုံးလှမ်း။
"ကိုကို......
ကိုကိုလို့ အော်ကာ ကျွန်တော့်လက်ကို အတင်းဆွဲထားတော့သည်။ ကျွန်တော်လည်း အတင်းပြန်ရုန်းတော့
"ကိုကိုနော် သားစိတ်ဆိုးလာပြီ......
"ဘာလို့လဲ .......
"မသိဘူးဗျာ မသွားရဘူး.....
စိတ်ကောက်နေတဲ့ ဝလုံးလေးကိုဖတ်လိုက်မိသည်။ ထော်နေတဲ့ နူတ်သီးလေးကို လက်နဲ့ဆွဲလိမ်လိုက်ကာ။
"ကိုကိုလည်းမိန်းမလိုချင်တာပေါ့......
မိန်းမလိုချင်တယ် အသံလည်းကြားရော ကျွန်တော့်ကို မျက်ေစာင်းနဲ့ထိုးကာ
YOU ARE READING
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Romanceမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။