အနမ်းခြွေမယ် ကလေး......
အပိုင်း၂
မင်းမြတ်ခွန်း
ကျွန်တော်တို့ မိသားစုသုံး တစ်ညလုံးစကားတွေပြောနေမိသည်။ မေမေပြောတာတော့ ကလေး လေးလ သားလောက်ရှိပြီလို့ ပြောသည်။
ကျွန်တော်နိုးလာတော့ ဘေးက ညီလေးကိုကြည့်လိုက်မိသည်။ ညီလေးဟာ ကျွန်တော့်ကို ခေါင်းလေးအာသာလှည့်ကာကြည့်နေသည်။ ပါးစပ်လေးက
"အင့် ဝါးး.... ဝါ့.....
"ဟင် ဝလုံးလေး စကားတွေပြောချင်နေပြီလား..... ပြောကြည့်ပါအုံး ကိုကိုလို့ .....ကိုကို.... ကိုကို.....
"ခ်ခ်ခ်.... ဝူးး ဝူ့......
"ချစ်စရာ မှိုပွင့်ကြီး မွ.....
ကျွန်တော်ဝလုံးလေးရဲ့ ပါးဖောင်းဖောင်းလေးအသာဖိနမ်းလိုက်တော့ ကျွန်တော့်မျက်နာကို သူ့လက်သေးသေးလေးတွေနဲ့ ကိုင်ထားသည်။
"ခ်ခ်ခ် ဟီ့..... ခ်ခ်ခ်...
"အော် အကိုလေးတို့နိုးနေကျပြီပဲ......
မဝေအခန်းထဲ ဝင်လာတာကြောင့် ကျွန်တော့်မဝေကို ကြည့်လိုက်ကာ
"ဟုတ်အမဝေ...မေမေကော......
မဝေက အဝတ်ချင်းထဲက ကျွန်တော့်အဝတ်တွေကို ယူနေရင်း
"အလုပ်သွားပြီအကိုလေး အကိုလေးမျက်နာသစ်ပြီးရင် ကလေးလေးကိုအောက်ထပ်ခေါ်လာခဲ့ပါ.... ကလေးကဗိုက်ဆာနေမှာ မဝေ နို့မှုန့်ဖျော် ထားမယ်နော်.......
"ဟုတ်အမဝေရေ ကျေးဇူးနော်.....
အမဝေထွက်သွားပြီးတာနဲ့ ကျွန်တော်ရေချိုးခန်းထဲ အမြန်ပြေးဝင်ကာ သွားကိုအမြန်တိုက် မျက်နာကို မျက်နာသစ်ဆေးနဲ့တောင် မသစ်ပဲ အမြန်ထွက်လာရသည်။
ကျွန်တော့်ဝလုံးလေးကို တစ်ယောက်ထဲ မထားခဲ့ချင်ဘူး ။ တစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချဘူး ဝလုံးလေးကို တစ်စက္ကန့်မှ အပျောက်မခံနိုင်ပါ။
ကျွန်တော်က ၁၅နှစ်ဆိုပေမယ့် အရပ်က ၅ပေ၆လောက် ရှိပြီ ရှစ်တန်းနှစ်အကတည်းက ဂျင်ဆော့တာကြောင့် လူငယ်တစ်ယောက်ရဲ့ ရှိသင့်တဲ့ ကြွက်သားတွေတော့ ရှိသည်။
![](https://img.wattpad.com/cover/228243469-288-k417054.jpg)
ESTÁS LEYENDO
အနမ်းခြွေမယ် ကလေး.......(Completed)Zaw&Uni
Romanceမထင်မှတ်ပဲ လူပျိုပေါက်လေးက ကလေးလေးတစ်ယောက် ကောက်ရတဲ့အခါ။ ထိုကလေးလေးအပေါ် ညီအရင်းလို စိတ်မျိုးကနေ ဘယ်လိုများပြောင်းလဲသွားမလဲ။ ဘယ်လောက်ထိ အချစ်တွေ ပိုနေမလဲဆိုတာ.....။ Jun-8ရက်,2020 ခုနှစ်တွင် Wattpat တွင် စတင်ရေးသား ခဲ့သည်။