🔥 Part 7 🔥

5.2K 734 84
                                    

[Unicode]

" ဦးရေ.. ထမင်းစားမယ်လေ.. အဲ့ဒီ Laptop ကြီး ခဏပိတ်ဦး.. "

Baekhyun အလုပ်ခန်းထဲ Laptop တစ်လုံးနဲ့ ဗျာများနေတုန်း ဆူပူပြီး ဝင်လာတဲ့ ကောင်ငယ်လေး။ ပြောပြောဆိုဆိုနဲ့ Laptop ကို လာပိတ်ပြီး ပြန့်ကျဲနေတဲ့ စာရွက်တွေ စုသိမ်းနေရင်း ပါးစပ်ကလည်း မကျေနပ်ချက်တွေကို တတွတ်တွတ် ရေရွတ်နေသေးသည်။

" Chanyeollie ဦး ခဏနေမှ စားမယ်.. ကိုယ့်ဘာသာစားလိုက် ဟုတ်ပီလား.. "

" မရဘူး.. "

Chanyeol က ထိုကဲ့သို့ပါပင်..။ Baekhyun နဲ့ အတူစနေသည့် အချိန်ကစလို့ သူပဲ အစစအရာရာ လိုက်လုပ်နေတတ်တာ။ ထမင်းဟင်းဆိုလည်း သူပဲ ချက်တယ်။ ရောက်ခါစက နည်းနည်းငယ်သေးတော့ စိတ်မချရပေမယ့် အခုက အလယ်တန်း တတိယနှစ်တောင်ရောက်နေပြီဆိုတော့ တစ်နေ့တစ်ခြား တကယ်အားကိုးရတဲ့ ကောင်လေး ဖြစ်နေလေပြီ။

ထမင်းစားချိန်ဆိုလည်း ထမင်းအဆင်သင့်..။ ကိုယ့်အဝတ်အစားတွေဆိုလည်း သူ့ဟာတွေ လျှော်ရင်းနဲ့ ထည့်လျှော်ပေးတတ်သည်။ အားနာစရာကြီးမို့လို့ ဘယ်လိုပဲတားတား အဝတ်လျှော်စက်နဲ့ပဲ ဆိုတဲ့ အကြောင်းပြချက်ချက်ကောင်းကောင်းရယ်၊ ကိုယ်တိုင်က အဲ့အလုပ်တွေ မလုပ်ဖြစ်တာရယ်ကြောင့် အားနာရင်းကပဲ အဲ့ကလေး ဂရုစိုက်သမျှ လက်ခံနေရတယ်။

" ဦးဗိုက်မဆာသေးလို့ပါ.. "

" ၁နာရီထိုးတော့မယ် ဦး.. အဲ့လိုလုပ်နေရင် ကျန်းမာရေးထိခိုက်မယ်လို့ ကျွန်တော် ခဏခဏပြောတယ်မလား.. "

Chanyeol က မျက်မှောင်ကျုံ့နေကာ Baekhyun အနားရောက်လာသည်။ Chanyeol ကပဲ ဖွံ့ဖြိုးမှု မြန်နေတာလား Baekhyun ကပဲ ရပ်တန့်သွားတာလား မသိပေမယ့် တနေ့တခြား ကြီးထွားလာတဲ့ Chanyeol အရပ်အမောင်းကြီးက Baekhyun ထက် သာချင်ချင်ဖြစ်နေလေပြီ။

ဒီကြားထဲ Gym သွားမယ်တကဲကဲလုပ်နေလို့ အသက်မပြည့်သေးပါဘူးဆိုပြီး မနည်းတားနေရတယ်။

" ဦး အခု မထရင် ကျွန်တော် ပွေ့ချီမှာ.. "

" အမယ်.. မင်းကများ.. "

Baekhyun ရန်လုပ်ဖို့ ပြင်လိုက်ပေမယ့် တကယ်လုပ်မယ့်ပုံကြီးနဲ့မို့ ဘယ်လိုပဲဖစ်ဖစ် အကြီးဘက်ကပဲ အလျော့ပေးမယ်လို့ တွေးလိုက်မိတယ်။

Yours [COMPLETED] (Z+U)Where stories live. Discover now