[Unicode]
" အချစ် ဒီနေ့တော့ မောင်တို့ အပြင်သွားရအောင်လား.. "
" ဟင့်အင်း.. နောက်မှပဲ.. "
ပြောပြီးတာနဲ့ အခန်းထဲတန်းဝင်သွားတဲ့ Baekhyun..။ တစ်ပတ်.. တစ်ပတ်တောင်ရှိေနပြီ။ Chanyeol မှာ Baekhyun နား မကပ်ရသလို ဘာမှလည်း မဘာရ..။ အဆိုးဆုံးပြောရရင် အတူတူလေးတောင် မအိပ်ရတော့ဘူး။
အကြောင်းကတော့ မကြာခင် နှစ်ကုန်တော့မှာမို့လို့..။ အဲ့ဒါထက် နှစ်ကုန်ဆိုရင် ကုမ္ပဏီမှာ ရှယ်ယာရှင် အစည်းအဝေးပွဲရှိပြီး ရာထူးအပြောင်းအလဲတွေရှိတတ်တာမို့ Baekhyun တို့ နေ့မအိပ် ညမအိပ်ကို အလုပ်တွေ အသည်းအသန်လုပ်နေတော့တာ..။
အရင်ထဲက အပြင်မထွက်ပဲ အိမ်မှာနေရတာကြိုက်တဲ့သူဖြစ်တာမို့ အခုလို အခြေအနေမှာ အလုပ်ခန်းထဲက လုံးဝကို မထွက်တော့ဘူး။ Chanyeol ကိုဆိုလည်း အနားကပ်တာနဲ့ ခါချပြီး အခုရက်ပိုင်းတွေဆို အခန်းထဲတောင် ပြန်လာမအိပ်ဘူး။
Chanyeol မှာ ချစ်သူအနားရှိပါလျက် အထီးကျန်ခံစားချက်ကြီး တပွေ့တပိုက်နဲ့ ဖက်လုံးကိုပဲ အဖော်ပြုပြီး အိပ်စက်ရတာ ဘယ်နှစ်ညတွေတောင် ရှိနေပြီလဲ..။
ဒီနေ့ကတော့ မဖြစ်မနေကို အပြင်ခေါ်ရတော့မှာမို့ Chanyeol ကို ပလစ်လို့ ရေသန့်ဘူးကို လက်ကကိုင် ပါမုန့်ထုတ်ကို ပါးစပ်က ကိုက်ပြီး တလုံးလုံးနဲ့ ဝင်သွားတဲ့ အလုပ်သရဲလေးနောက်ကို Chanyeol အသာလေး ကပ်လိုက်သွားမိတယ်။
အသာလေး မသိအောင်လိုက်ပေမယ့် နားပါးလွန်းသူက ချက်ချင်း အနောက်ကို လှည့်ကြည့်တာနဲ့ ခြေဖျားထောက်ပြီး ကုန်းကုန်းကွကွဖြစ်နေတဲ့ Chanyeol ကို မြင်သွားလေပြီ။
" မောင်..! ဘယ်ကို လိုက်လာတာလဲ.. ပြန်ထွက်..! ငါအလုပ်တွေ မပြီးသေးဘူး.. "
" အာ.. အချစ်ကလည်းကွာ.. မောင် အထီးကျန်ပါတယ်ဆို.. ဘယ်အချိန်ထိ ပစ်ထားဦးမလို့လဲ.. "
ရေသန့်ဘူးကို ခုံပေါ်တင်ပြီး နှင်ထုတ်နေတဲ့ လူကြီးလေးကို Chanyeol မသိဟန်ဆောင်ကာ ရောချသောအားဖြင့် အနောက်ကနေ သိမ်းဖက်လိုက်တယ်။ မပြောနိုင်ဘူးလေ.. အထိအတွေ့ကနေ ကိုယ့်ဘက်ပါလာနိုင်တာပဲ..။