[ Unicode ]
မနေ့ညက သေချာ မပိတ်လိုက်ရတဲ့ လိုက်ကာ ၂ခုက မနက် ၉နာရီကျော်လောက်ရောက်တဲ့အချိန်မှာတော့ အိပ်ရာပေါ်က လူသားနှစ်ယောက်ကို ကောင်းကောင်းအိပ်စက်ဖို့ ခွင့်မပြုနိုင်တော့။
တစ်စထက်တစ်စ ခန္ဓာကိုယ် အနှံ့အပြားကို ကျရောက်လာတဲ့ နေရောင်ကြောင့် အပူရှိန်ကို မခံနိုင်တဲ့ Chanyeol က မျက်မှောင်လေးကျုံ့ပြီး နိုးလာတယ်။ ဒါပေမယ့် အပူရှိန်ကြောင့် စိတ်မကြည်မှုက စက္ကန့်ပိုင်းလောက်သာကြာလိုက်တယ်။
စိတ်အလိုမကျစွာနဲ့ ဖွင့်ဟလာတဲ့ မျက်လုံးတွေက ရင်ခွင်ထဲ တိုးဝင်ပြီး စောင်ဖြူဖြူလေး အောက်မှာ အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ ကောင်လေးကို တွေ့လိုက်ရတော့ မဖိတ်ခေါ်ပဲ ဖြစ်ပေါ်လာတဲ့ ကြည်နူးမှုလေးကြောင့် ရင်ထဲမှာ တသိမ့်သိမ့်။
Chanyeol ကိုယ်ကို ကျော်လွန်၍ သူ့မျက်လုံးလေးပေါ် ကျရောက်နေတဲ့ နေရောင်ကြောင့် အင်းအဲ အသံလေးတွေပြုကာ ခါးနားထိလျောကျနေတဲ့ စောင်ကို ရင်ဘတ်ထိရောက်အောင် ဆွဲခြုံပြီး Chanyeol ကို ကျောပေးလို့ တဖက်ကို လှည့်အိပ်သွားတယ်။
မျက်စိရှေ့မှာ မြင်နေရတဲ့ အဝတ်မကပ်တဲ့ ကိုယ်လေးနဲ့ ထင်ရှားနေတဲ့ အနီရောင် အမှတ်အသားလေးများစွာရယ် Chanyeol ကိုယ်တိုင်လည်း အတော်လေး အားအင်ကုန်နေတာကြောင့်သာ မနေ့ညက အိမ်မက်မဟုတ်မှန်း လက်ခံလိုက်ရတာ.. မဟုတ်ရင် ဒီလောက်ထိ ချစ်ဖို့ကောင်းတဲ့ လူသားလေးကို အပိုင်ရလိုက်တယ်ဆိုတာ Chanyeol အခုထိ ယုံနိုင်ဦးမှာ မဟုတ်သေး။
" ချစ်လိုက်တာ Baekhyunee ရယ်~ "
တစွန်းတစပေါ်နေတဲ့ ပုခုံးနဲ့ ဂုတ်ပိုးသားဖြူဖြူလေးတွေကို အားရပါးရ ဖိကပ်နမ်းရှိုက်ပြီးမှ လိုက်ကာတွေကို သေချာ ထပိတ်ကာ အခန်း အအေးချိန်ကို အနည်းငယ် ပိုမြှင့်လိုက်ပြီး စောင်အောက်ပြန်တိုးဝင်လို့ အဝတ်မကပ်တဲ့ ခန္ဓာကိုယ်ချင်း ပြန်လည်ထိကပ်ကာ နောက်တကြိမ်အိပ်စက်ဖို့ ကြိုးစားလိုက်တယ်။
*************YOURS**************
" အင်း~~ "
ဒီနေ့အတွက် Baekhyun ရဲ့ မနက်ခင်းလေးက မလှပရှာဘူး။ ခါးပေါ်က တင်းကျပ်မှုနဲ့ ခါးအောက်ပိုင်းက နာကျင်ကျိန်းစပ်မှုတို့ကြောင့် တကိုယ်လုံး မလှုပ်ချင်လောက်အောင် ဖြစ်နေတဲ့ကြားက လုံးဝ ဆက်အိပ်လို့ မရတော့ပဲ နိုးလာရတယ်။