[ Unicode ]
Yixing သားဖြစ်သူက လာတွေ့ပါဆိုတာကြောင့် ကုမ္ပဏီအောက်က ကော်ဖီဆိုင်ကို ဆင်းလာခဲ့ရသည်။ ဖုန်းထဲမှာပြောဆိုပေမယ့် ကိုယ်တော်ချောက အရေးကြီးလို့ မျက်နှာချင်းဆိုင်ပြောပါရစေတဲ့လေ။ Yixing အနေနဲ့ကလည်း ထမင်းစားချိန်လည်းဖြစ် ခေါ်တဲ့သူကလည်း အတည်ပေါက်ကြီးဆိုတော့ ဆက်ငြင်းမနေတော့ပဲ လက်ခံလိုက်တာ။
တကယ်တော့ Chanyeol အဲ့လိုတွေလုပ်ရင် Yixing လန့်ရသည်။ ဘာလို့လဲဆိုတော့ Chanyeol ကို ဒီလိုတွေ့ရတာ ဒီတကြိမ်နဲ့ဆို ၃ကြိမ်မြောက်ဖြစ်တာကြောင့်ပင်။
ပထမဆုံး တကြိမ်က သူ အမေရိကားမှာ မပျော်လို့ ကိုရီးယားကိုပဲ ပြန်ပါရစေလို့ တောင်းဆိုတာ။ ဒုတိယတခါက ထမင်းမစားဟင်းမစားနဲ့ CEO Byun ဆီပို့မလား အိမ်ဝယ်ပေးမလားလို့ ခြိမ်းခြောက်ခဲ့တာမို့ အခုတကြိမ်မှာတော့ ဆိုးဆိုးဝါးဝါးမဖြစ်ဖို့ မျှော်လင့်ရတယ်။
Park Group ရဲ့ Healing Company သာမဟုတ်ရင်တော့ Yixing အတတ်နိုင်ဆုံး လိုက်လျောဖို့လည်း ဆုံးဖြတ်ထားသည်။
Yixing ဆိုင်ထဲဝင်လိုက်တဲ့ Chanyeol က ကြိုရောက်နေတာကို တွေ့လိုက်တယ်။ ရှပ်အဖြူကို တံတောင်ဆစ်ထိ ခေါက်ဝတ်ထားပြီး ဂျင်းဘောင်းဘီအနက်ရောင်နဲ့သာ ရိုးရိုးရှင်းရှင်း ဝတ်ထားပေမယ့် အဖေတူသားလေးတော့ ခန့်ချောကြီး ဆိုပါတော့..။
" ဖေဖေ လာပြီလား.. "
သူ့ဆီက အမွေရထားတဲ့ ပါးချိုင့်တဖက်ပေါ်အောင် ပြုံးနေပြီး မတ်တပ်တွေဘာတွေရပ်ကာ ခရီးဦးကြိုပြုနေတော့ Yixing မျက်ခုံးတလှုပ်လှုပ် ဖြစ်ေနတဲ့ကြားက ရယ်လိုက်မိသေးတယ်။
သိပ်ကို အပိုးတွေ ကျိုးပြနေတာ..။
" ထိုင်ထိုင်.. ဘာဖြစ်နေတာတုန်း မင်းက.. "
" ဟီး.. ဖေဖေ သားအထက်တန်းအောင်တာ သိတယ်မဟုတ်လား.. "
" အင်း သိတယ် တက္ကသိုလ်ေရာ ရွေးပြီးပြီလား.. ဘာလုပ်မှာလဲ.. "
Chanyeol က Yixing စကားကို အရင်မဖြေသေးပဲ ဝန်ထမ်းကောင်လေး လာချပေးတဲ့ ကော်ဖီကို Yixing သောက်ဖို့ ပြင်ပေးနေတယ်။
အဲ့ဒီလိုဆိုပြန်တော့ မိသားစုအတူ စားသောက်ဆိုင်ထိုင်ကြတိုင်း Appa ဟိုဟာ Appa ဒီဟာနဲ့ တဖွဖွ ပူဆာတတ်တဲ့ အရင်က Chanyeol ကို သတိရမိပြန်တယ်။