[ Unicode ]
အိမ်မရောက်ခင် လမ်းတလျောက်လုံး စိတ်ပူနေခဲ့ရသမျှ မီးဖိုခန်းထဲက ကျောပြင်ကျယ်လေးကို မြင်လိုက်ရမှ စိတ်သက်သာသွားရတယ်။
အခုမှ စိတ်အေးသွားရသလို မျက်လုံးလေးတွေ မှိတ်ကျသည်အထိ အားရပါးရ ပြုံးလိုက်ပီး ကိုယ်လက်ဆေးဖို့ အပေါ်ထပ်ကို တက်သွားလိုက်တယ်။
Baekhyun မသိလိုက်တာက အိမ်ပြန်လာလာချင်း တန်းချော့မလားလို့ အလုပ်ရှုပ်နေဟန် ဆောင်ထားခဲ့ပေမယ့် အေးအေးသက်သာ အပေါ်ထပ်ကို တက်သွားတဲ့သူ့ကြောင့် ဒေါသတွေအထွက်လွန်ပြီး ပစ္စည်းတွေကို ဆောင့်ချလို့ သူသွားရာ လမ်းတလျောက်ကို ဒေါသမျက်ဝန်းတွေနဲ့ လှမ်းကြည့်နေခဲ့တဲ့ Chanyeol ရှိနေခဲ့တာကိုပင်..။
" အဲ့လိုမှန်းသိ အိမ်ပဲ တန်းပြန်သွားလိုက်တယ် ! အသည်းနှလုံး မရှိတဲ့ လူ.. ! "
ဘယ်လိုပဲ ပြောဆိုနေပေမယ့် လက်တွေကတော့ သူစားချင်ပါတယ်ဆိုတဲ့ ပန်ကိတ်ကို အကောင်းဆုံး ပြင်ဆင်ပေးနေမိတာကြောင့် ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်မိပြန်တယ်။
Jongin ပြောတဲ့ အဲ့ဒီ အသက်ကြီးကြီးလူကြီးကြောင့် ကျောင်းက အချောအလှလေးတွေကို ပလစ်ထားခဲ့တာ သူချေတာ ခံနေဖို့မှ မဟုတ်ပဲ။
" တွေ့ကြသေးတာပေါ့ Byun Baekhyun.. "
ပြောပြောဆိုဆိုနဲ့ ဆေးကြောစရာရှိတာတွေ ဆေးကြောပြီး ဆင်းလာရင် အဆင်သင့်စားလို့ရအောင် ပန်ကိတ်ကိုပါ ပြင်ဆင်ပေးပြီးမှ ဧည့်ခန်းထဲမှာ သွားထိုင်နေလိုက်တယ်။
( ဒို့လည်း အဲ့လိုစိတ်ဆိုးရင်း ဂရုစိုက်ပေးမယ့် ကောင်လေးမျိုး လိုချင်ဒယ် 🌚 )
" Chanyeollie ~ "
ညအိပ်ဝတ်စုံ အဝါရောင်လေးနဲ့ မီးဖိုခန်းရှေ့ ဟိုရှာဒီရှာလုပ်နေတဲ့ လူကြီးလေးကို Chanyeol မသိချင်ယောင်ဆောင်ပြီး TV ကို လိုင်းမျိုးစုံ လျောက်ပြောင်းနေလိုက်တယ်။
Baekhyun လည်း မျက်နှာသုတ်ပုဝါလေးနဲ့ ရေစိုနေဆဲ ဆံပင်ကို သုတ်နေပီး Chanyeol ကို ရှာပုံတော်ဖွင့်ရတယ်။ သိပ်မကြာပါဘူး.. TV က အသံမျိုးစုံထွက်နေမို့ လှည့်ကြည့်လိုက်တော့ TV ရှေ့ ခြေထောက်ချိတ်ပြီး ရုပ်တည်ကြီးနဲ့ remote ကို ဆောင့်အောင့်နှိပ်နေတဲ့ Chanyeol ကို တွေ့လိုက်ရတယ်။