[ Unicode ]
<< မီးတောက်လေးခုဆိုတော့ ခင်များတို့ မျက်လုံးေလးတွေ ဘလင်းဘလင်းဖြစ်သွားတယ်မလား အဟင်း 🌚 >>
👇
သူ့သဘောနဲ့သူ ဆုံးဖြတ်ပြီး သူ့သဘောနဲ့သူ မပြန်ချင်ပါဘူးဆိုပြီး ဂျီကျနေတဲ့ ကောင်လေးနဲ့ မျက်နှာမှာ ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး ရင်ထဲမှာ ဝမ်းနည်းနေတဲ့သူတယောက်တို့က TV က လာနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတခုကို အတူတူ ထိုင်ကြည့်နေကြတယ်။
အရင်ကလည်း ဒီလိုပဲဆိုပေမယ့် အရင်ထဲက မသွားချင်တဲ့သူနဲ့ ပြန်မလွှတ်ချင်တဲ့သူဟာ တညတာ အတူတူဖြတ်သန်းအပြီးမှာတော့ ပိုလို့ တွယ်တာလာပြီး အတူတူမရှိမယ့် တရက်အတွက်ကိုပင် စိတ်ထဲ မတင်မကျနဲ့ အလိုမကျဖြစ်နေရတယ်။
မျက်ေမှာင်လေးကျုံ့ပြီး အာလူးကြော်တခုပြီးတခု အဆက်မပြတ်စားနေတဲ့ ပါးလေးတွေက ဘေးကကြည့်တာတောင် တလှုပ်လှုပ်နဲ့ အသည်းယားစရာကောင်းလောက်အောင် ဖောင်းတစ်နေတာကြောင့် Chanyeol က နှလုံးသားကလာတဲ့ အသံနဲ့ Baekhyun ကို နူးနူးညံ့ညံ့လေးခေါ်လိုက်တယ်။
" အချစ်~ "
" ဘာလဲ..! "
Baekhyun ရဲ့ ခပ်စွာစွာ အသံလေးကြောင့် Chanyeol မှာ မပြုံးပဲ မနေနိုင်..။ အာလူးကြော်အစပ်တွေကြောင့် အနည်းငယ် ရဲနေပြီး မသိမသာ ဆူထွက်နေသေးတဲ့ နှုတ်ခမ်းပါးလေးနဲ့ ဆူအောင့်အောင့်အသံလေးကပဲ ချစ်ဖို့ကောင်းလွန်းနေတာမို့ အသံထွက်ပြီး ရယ်လိုက်မိတော့ မျက်စောင်းလေးက ဒိုင်းခနဲ ရောက်လာသေးတယ်။
" ဘာရယ်တာလဲ.. ဟွန်း..! "
" မောင် အိမ်မပြန်ချင်ဘူးလို့~ "
Chanyeol က Baekhyun ပုခုံးသေးသေးလေးပေါ် ခေါင်းတိုးနေပြီး စူစူပူပူလုပ်နေပေမယ့် နှုတ်ခမ်းတွေကတော့ ပြုံးနေခဲ့တယ်။
Baekhyun ကတော့ Chanyeol ရဲ့ အဲ့ဒီစကားတခါကြားတိုင်း တခါနှာခေါင်းရှုံ့နေဆဲ။
" ဖယ်စမ်းပါကွာ.. မင်းဘာသာ လုပ်ချင်ရာလုပ်နေပြီးတော့ ငါ့ကို လာဂျီကျမနေနဲ့.. "
" အား... စိမ်းကားလိုက်တာ အူကြူးလေးရယ်.. မောင့်ကို မင်းတွေငါတွေတောင် သုံးနေပြီလား.. ဝမ်းနည်းတယ်ကွာ.. "