[Unicode]
" Ashi... ငါတော့ ဒုက္ခပါပဲ.. ! "
Baekhyun တယောက် အသစ်စက်စက်မွေ့ယာကြီးပေါ်မှာ ခေါင်းကုတ်ဖင်ကုတ်နဲ့ ပြသနာတက်နေလေတယ်။
အကြောင်းကတော့ ကိုယ့်ဘာသာ အတတ်စမ်းပြီး မွေ့ယာမှာလိုက်မိခြင်းနဲ့ အပြင်က ပြန်လာလာချင်းလူကို မျက်လုံးပိတ်လို့ surprise လုပ်မိရာက စတယ်။
မိမိက အခန်းခွဲမသုံးတော့တဲ့အကြောင်းလောက်ပဲ ပြောပြီး ဝမ်းသာစေချင်တာပေမယ့် တဖက်လူကတော့ တစ်လွဲအယူနဲ့ စိတ်ချမ်းသာစေရမယ်ဆိုကာ အပျော်လုံးဆို့ပြီး ရေချိုးခန်းထဲ ဝင်သွားလိုက်တာ နာရီဝက်ကျော် တနာရီနီးပါးအထိ ပြန်ထွက်မလာသေးဘူး။
မနက်ထဲက လက်စနဲ့ အလုပ်မသွားလိုက်တာမှာ အေးအေးဆေးဆေးမနေပဲ သူ့အဝတ်တွေပါ ကိုယ့်အခန်းဆီသယ်ခဲ့မိတော့ စတာပါရယ်လို့လည်း ပြောလို့မရတော့တဲ့ အခြေအနေမှာ ကြားနေရတဲ့ ရေချိုးခန်းထဲက အသံသြသြနဲ့ သီချင်းညည်းနေသံက Baekhyun ကို သတ်နေသည့်အလားပင်..။
" ငါကိုက ယွမိတာပါ.. ငါကိုက ယွတာ.. "
အခုချိန်မှာ Baekhyun အနေနဲ့ စိတ်တိုပြီး ရန်လုပ်စရာက ကိုယ်တိုင်အပြင် မရှိတော့တာမို့ ဘေးက ခေါင်းအုံးပွပွကြီးကိုပဲ ထုထောင်းပြီး တကိုယ်ထဲ လူးလှိမ့်နေရတယ်။
" အချစ်~ မစောင့်နိုင်တော့ဘူးလား.. "
" အယ်.. "
Baekhyun ကုတင်ပေါ် လူးလှိမ့်နေတုန်း အောက်ပိုင်း သဘတ်တခုထဲနဲ့ ဆံပင်ရေသုတ်ပြီး ထွက်လာတဲ့သူက ရယ်သံတဝက်နဲ့ Baekhyun ကို လှမ်းစတယ်။
" မဟုတ်တာ.. ပေါက်ကရတွေနော်.. ! ငါဒီအတိုင်း အတူတူ အိပ်မယ်ပဲ ပြောတာ.. မင်းနဲ့ အိပ်မယ်ပြောတာ မဟုတ်ဘူး.. "
ကုတင်ပေါ်ကနေ လက်ညှိုးတထိုးထိုးနဲ့ ခပ်စွာစွာ ပြောနေတဲ့ ကောင်လေးကို Chanyeol က သဘောတကျ လှမ်းကြည့်တယ်။ စကားတလုံးထဲနဲ့ အဓိပ္ပါယ် နှစ်မျိုးပြောပြီး သူ့ဘာသာ ရှက်ကာ နီရဲရဲမျက်နှာလေးက တဖက်ကို လှည့်သွားသေးတယ်။
ဒီလောက်ဆိုရင် Chanyeol ရဲ့ အဝတ်လဲမယ့် အစီအစဥ်ကို ဖျက်သိမ်းဖို့ လုံလောက်သွားပြီဖြစ်သည်။