[Unicode]
" Chanyeol.. ငါတို့ ဒီနေ့အတန်းပြေးရအောင်.. "
Chanyeol စာအုပ်ထုတ်ပီး အိမ်စာရေးမလို့ ကြံနေတုန်း ပြောလာတဲ့ Jongin ကြောင့် Chanyeol လှည့်ကြည့်လိုက်မိတယ်။ စုတ်လုံးကိုက်ပီး ဂျစ်ကန်ကန်ရုပ်နဲ့ Jongin က Chanyeol ရဲ့ တစ်ဦးထဲသော သူငယ်ချင်းပင်။
စသိတုန်းကတော့ Jongin က နည်းနည်း မထီမဲ့မြင် ပုံစံပေါက်တယ်လို့ ထင်မိပေမယ့် တစ်ဖက်ကလည်း စိတ်ထားကောင်းမည်ဟု ယူဆမိသောကြောင့် Chanyeol Jongin ကို ခင်မင်မိခြင်းဖြစ်သည်။
" ဘာလို့လဲ.. ငါ အိမ်စာမပီးသေးဘူး.. ကျောင်းပြန်မတက်ခင်အပြီးရေးရမှာ.. "
" အေး.. အဲ့ဒါကြောင့် ပြေးမယ်လို့ ပြောနေတာပေါ့ကွ.. ငါလည်း မပြီးသေးဘူး.. မရေးချင်တော့ဘူးကွာ.. ဆရာမကလည်း ကြမ်းတယ်.. မတက်ချင်ဘူး.. "
ဘူး ပေါင်းများစွာနဲ့ ရှုံ့မဲ့ပြီး ကျောပိုးအိတ်ထဲ ပစ္စည်းတွေ ထည့်နေသည်ကြောင့် Chanyeol မှာ အိမ်စာပဲ ရေးရမလို.. သူ့နောက်ပဲ လိုက်ရမလို..
ဆရာမကြမ်းတာ မှန်ပေမယ့် အဲ့လိုပြေးရင် စာပိုနောက်ကျမှာလည်း ကြောက်ရသေးသည်။ ဦးက စာကြိုးစားဖို့ မှာထားတယ်လေ။ ဒါပေမယ့်လည်း ဒီနေ့တော့ အတန်းတက်ချင် သိပ်မရှိဘူးဆိုတော့ တစ်ခါတစ်လေလေး အတန်းပြေးကြည့်ရင်ကောင်းမလား...??
°•°•°•°•°•°•°•°•°•YOURS°•°•°•°•°•°•°•°
" Arrrrr... ဘာလဲ မင်းဟာက.. "
" ထိုင်ပေးစမ်းပါ.. ဟိုဘက်မှာ.. "
ပထမဆုံး ကျောင်းပြေးတာမို့လို့ ဘယ်တွေများသွားမလဲ ထင်မိပါတယ်.. ကျောင်းထိပ်က ကလေးကစားကွင်းထဲ ပြေးဝင်သွားတဲ့ Jongin ကြောင့် Chanyeol တယောက် စတိုင်ကျအောင်ဆိုပြီး တခြမ်းစောင်းလွယ်လာတဲ့ လွယ်အိတ်လေး လျောကျသွားတယ်။
ကစားကွင်းထဲ ဝင်တာပဲ လွန်လှပြီကို သူက စီးဆော တဖက်မှာထိုင်ပြီး နောက်တဖက်မှာ Chanyeol ကို ထိုင်စေချင်တဲ့ Jongin ဟာ ဘယ်လိုတောင် ကလေးစိတ်မကုန်ရတာလဲ။
" ထိုင်စရာလား.. ကလေးကလား.. ထကွာ တခြားပဲ သွားရအောင်.. "
" အာ.. မသွားချင်ဘူး.. ငါစီးချင်လို့ ထိုင်ပေးပါဆို.. မင်းမခုန်ချင်လည်း ဒီတိုင်းပဲ ထိုင်ပေး.. ငါ့ဘာသာ ခုန်မယ်.. လုပ်.. လုပ်.. ကြာနေပြီ.. "