[Unicode]
Baekhyun နဲ့ Chanyeol တို့ရဲ့ နေ့ရက်တွေက သာယာနေတယ်။ အခုဆိုရင် နှစ်ယောက်အတူတူနေတာလည်း ကြာလာသလို နှစ်ယောက်ပေါင်းမိကာမှ အလုပ်အကိုင်ကလည်း အရင်ကထက် အဆင်ပြေတယ်ဟု ဆိုရမယ်။
Chanyeol ရဲ့ ရေသာမခို၊ဘော်ကြော့မနေပဲ အောင်မြင်လိုစိတ်နဲ့ ကြိုးစားအားထုတ်မှုကြောင့် မဖြစ်မနေ ပုံစံနဲ့ Yixing ကလည်း ဒီ ၅လအတွင်းမှာ Project Manager ကို တိုးပေးလိုက်ပြီဖြစ်တယ်။
ဒါပေမယ့် Chanyeol က အရင်ကထက် ပိုပြီး တိတိကျကျနဲ့ အလုပ်ကို ကြိုးစားနေတုန်းပဲ။ ဘာလို့လဲဆိုရင် သူက PM ရာထူးထက် CEO ရာထူးကို လိုချင်တာကြောင့်ပင်။
တနေ့တခြား အန္တာရယ်ရှိလာတဲ့သားဖြစ်သူကြောင့် Yixing က အသက်၂၅ မတိုင်ခင်အထိ တာဝန်လွှဲမပေးနိုင်ဘူးလို့ ပြောထားသလို တခါတလေကျတော့လည်း မိဘတွေကို သိတတ်မယ့် နောက်ထပ်သားလေးတယောက်မွေးပေးဖို့နဲ့ အဲ့ဒီကလေးကျမှ ဆက်ခံသူ လုပ်ခိုင်းပါရစေဆိုပြီး Suho ကို ပူဆာနေတတ်တယ်။
အဲ့လိုဆိုတိုင်း Park Chan ရဲ့ တနေ့တခြား ဖွံ့ဖြိုးလာတဲ့ ခန္ဓာကိုယ်နဲ့ အရည်အချင်းအကြောင်းကိုလည်း ပြုံးပြုံးကြီး ပြောတတ်သေးတာမို့ Suho က Yixing ဘာပြောပြော သဘောတကျပဲ ရယ်နေေတာ့တယ်။
Chanyeol ကလည်း Yixing ပြောသလိုပင်။ အချိန်တိုင်း CEO နေရာကို ချောင်းနေတတ်ပြီး သားရေ အဖေခေါင်းကိုက်တယ်ဆိုတာနဲ့ အနားယူပါတော့ဆိုပြီး တရားချတတ်ကာ CEO Park Chanyeol ဆိုတဲ့ Name Tag တောင် အဆင်သင့်လုပ်ထားပြီးပြီမို့ အချိန်မရွေး စားပွဲခုံပေါ်က ကတ်ပြားလေးနေရာချိန်းလိုက်တာနဲ့ Chanyeol တို့က သူဌေးဖြစ်ပြီးသားပင်။
" မောင်.. သွားမယ်လေ.. "
" အချစ်.. နေမကောင်းချင်ဘူးဆို.. ရုံးသွားမလို့လား.. "
" အင်း.. ဒီနေ့ အရေးကြီး appointment ရှိတယ်.. မသွားလို့ မရဘူး.. ပြီးတော့လည်း သက်သာနေပါပြီ.. "
" အဲ့ဒါကြောင့် ပြောတာ.. အချစ်ကို အလုပ်မလုပ်နဲ့တော့လို့ မောင်ရှာကျွေးနိုင်နေပါပြီဆို.. "
Chanyeol က Baekhyun ရဲ့ ရုံးအိတ်လေးကို သူ့အိတ်နဲ့အတူ တွဲသယ်ပေးရင်း လက်တဖက်ကို ဆွဲကာ ပြောလာတော့ Baekhyun မသိမသာလေး ပြုံးမိတယ်။