Zawgyi Version
ရက်ကို လစား၊ လကိုနှစ်စားနှင့် အချိန်ဆိုသောအရာသည် ကုန်မှန်းမသိ ကုန်လွန်လာခဲ့သည်။
အခုဆို ထယ်ယောင်းတစ်ယောက် ဒီအိမ်ကိုရောက်သည်မှာ ၁၂ နှစ်ကျော်ခဲ့ပြီဖြစ်သည်။
ဒီ ၁၂ နှစ်တာကာလအတွင်းတွင် တော်တော်ပြောင်းလဲခဲ့
သည်ဆိုရမည်၊ စစရောက်ခါစကလို စကားတစ်လုံးမှမ
ပြောတဲ့ ကင်ထယ်ယောင်းကနေ အိမ်၏ ဆည်းလည်း
လေး လို့ အမည်ပေးရလောက်သည်အထိ စကားဆို
တွတ်တွတ်ပြောကာ တစ်အိမ်လုံးဝိုင်းချစ်နေရသည့်
ကင်ထယ်ယောင်း အဖြစ်သို့ ပြောင်းလဲသွားသည်လေ။သေချာပေါက် တစ်အိမ်လုံး ဆိုသည့်စကားနောက်တွင်
ဂျောင်ကု တစ်ယောက်တော့မပါဝင်။ထယ်ယောင်းတစ်ယောက် ဆရာမစာသင်နေသည်ကို
လိုက်နားမထောင်ဘဲ စာရေးစားပွဲပေါ် လက်တင်ကာ
မေးထောက်ပြီး သူ့ရဲ့ နှစ်ယောက်မရှိသော ကိုကို့
အကြောင်းကို စဉ်းစားခန်းဖွင့်နေမိသည်။၃လ သာကြီးသော ဂျောင်ကုကို ကိုကိုဟုခေါ်သည်မှာ
သူများကြားရင် ထူးဆန်းပေမယ့် ဘာကြောင့်မှန်းမသိ
စတွေ့ ကတည်းက ခေါ်ခဲ့မိသော ကိုကိုဟူသည့်နာမ်စား
ကလေးကို သိပ်သဘောကျမိသည်။
ထို့ကြောင့်လည်း ဂျောင်ကုကို ကိုကိုဟုသာခေါ်ခြင်းဖြစ်
သည်။
သို့သော် ထိုနာမ်စားကလေးသည် ကိုယ်တစ်ယောက်သာ
သိသော နာမ်စားဖြစ်သည်။
ဒီတစ်သက်လည်း နှုတ်မှထုတ်ခေါ်ဖြစ်မည်မထင်သော
နာမ်စားကလေးလည်းဖြစ်သည်။အဖေနဲ့အမေဟာ ကိုယ့်ရဲ့ မိဘအရင်းတွေမဟုတ်မှန်း
စခေါ်လာကတည်းက သိပြီးသားပင်။
ဒီမိသားစုကလည်း ကိုယ့်မိသားစုအစစ်မဟုတ်မှန်းလည်း
ကြိုသိပြီးသားပင်။
သို့သော် အဖေနဲ့အမေသည် မိဘရင်းသကဲ့သို့ မေတ္တာ
ပေးသည်။
Yoongi hyung ကလည်း အကိုကြီးတစ်ယောက်လို
ဆုံးမပေးသည်။ လမ်းပြပေးသည်။
မိသားစုရင်းမဟုတ်ပေမယ့် မိသားစုဆိုသည့်စကားထက်
ပိုသော စိတ်ရင်းဖြင့် ကျွေးမွေးစောင့်ရှောက်ပေးသည်။
အင်း.....ကိုကိုတစ်ယောက်ကလွဲလို့ပေါ့။မွေးနေ့ကိတ်မုန့်လေးကို ယူစားမိသည့်အပြစ်က
တော်တော်ကြီးမားသွားသည်ထင်၏၊
ဒီ ၁၂ နှစ်လုံးလုံး ကိုကိုသည် ကိုယ့်ကိုမရှိသည့်လူလို
သဘောထားသည်။
၁၂ နှစ်အတွင်း ကိုကို့ဘက်ကစကားလာပြောသည့်
အချိန်သည် လက်ချိုးရေလို့တောင်ရသည်။
တစ်အိမ်တည်းလည်းနေ၊ တစ်ကျောင်းတည်းလည်းတက်
နေတဲ့ လူအချင်းချင်း ဒီလောက်တောင်ရှောင်စရာလိုရဲ့ 
လား?။စဉ်းစားမရပေ။
YOU ARE READING
If You Can See (Completed)
Lãng mạnTaekook yaoi Written in both Unicode and Zawgyi Versions