Episode-7
9.5K 921 52
Zawgyi Version
မှိတ်ထားသောမျက်လုံးဆီသို့ ပြတင်းပေါက်မှတိုးဝင်လာ
မျက်လုံးများကိုဖွင့်လိုက်သည်။
မျက်လုံးများကိုဖွင့်ဖွင့်ချင်း သိလိုက်ရသည်က ကိုယ်နဲ့ ကိုကိုတစ်ယောက်ကိုတစ်ယောက်တင်းနေအောင်ဖက်
လျက် အိပ်နေကြသည်ဆိုတာကိုပင်။
ကိုယ့်ကိုရင်ခွင်ထဲမှာမြုပ်နေအောင်ဖက်ထားသည့် ကိုကို့
ရဲ့ မျက်နှာလေးကိုအသာမော့ကြည့်ကာ ညကဖျားထား
သည်မို့ သူ့နဖူးလေးပေါ်လက်ကိုတင်ရင်း ကိုယ်ပူရှိမရှိ
စမ်းကြည့်လိုက်သည်။
‌အဖျားငွေ့ ငွေ့ လေးကျန်သေးပေမယ့် ကိုယ်ပူတော့မတက်တော့ပေ။
အဖျားတက်ထားလို့နီရဲေ‌န‌သည့် သူ့မျက်နှာလေးကိုငေး
ကြည့်နေတုန်း လူးလိမ့်လာသည့် သူ့ခန္ဓာကိုယ်။
နိုးလာတော့မည်ဆိုတာကိုသိသဖြင့် အလျင်အမြန် အိပ်ရာ
ပေါ်မှထကာ အခန်းထဲကထွက်သွားဖို့ပြင်ရတော့သည်။
သို့သော် တံခါးလက်ကိုင်ကိုကိုင်ထားတုန်းမှာပင် ထွက်လာသော သူ့အသံ။
"ကင်ထယ်ယောင်း.....? မင်းဒီကိုဘာလာလုပ်တာလဲ?"
ညကအဖြစ်အပျက်တွေကို မမှတ်မိသလို‌ပြောနေသည့်သူ့
ကြောင့် အနောက်သို့ပြန်လှည့်ကာ ဖြေရှင်းချက်ပေးရ
တော့သည် ။
"ဟို....မနေ့ကညက မင်းဖျားလို့ family doctor ကို
ခေါ်ခဲ့သေးတယ်။ အခုက မင်းများအဖျားပြန်တက်နေလား
ဆိုပြီး လာစမ်းကြည့်တာ။"
"ဟုတ်လား.....? ဆရာဝန်ကဘာပြောသေးလဲ?"
"ထွေထွေထူးထူး ဘာမှတော့မပြောပါဘူး၊ မင်းသောက်ရမယ့်ဆေး‌တွေတော့ပေးသွားတယ်။ အံဆွဲထဲမှာငါထည့်
ပေးထားတယ်၊ မနက်စာစားပြီးရင်သောက်ရမယ်တဲ့။"
"အေး...အေး"
"အဲဒါဆို ငါသွားတော့မယ်နော်..."
"အင်း..."
ကိုကို့အခန်းထဲမှ မြန်မြန်ထွက်လာပြီး တံခါးကိုပိတ်လိုက်ပြီးမှ ခုန်နေသော ရင်ဘတ်ကိုအသာလေးဖိထားမိသည်။
"တော်သေးတာပေါ့ ..... ကိုကိုဘာမှမမှတ်မိလို့.."
သက်ပြင်းတစ်ချက်ချပြီးတာနဲ့ ကိုယ့်အခန်းထဲကိုသွားကာ
ရေမိုးချိုးရတော့သည်။
ပြီးရင် ကိုကို့ အတွက် မနက်စာပြင်ပေးရအုံးမည်လေ..။
If You Can See (Completed)Where stories live. Discover now