Episode-20 (Final Episode)

16.6K 857 27
                                    

Zawgyi Version

"ကိုကို ဘယ်လိုနေသေးလဲဟင် သက်သာရဲ့ လား? နေရတာကော အဆင်ပြေရဲ့ လား? ထယ် ဆရာဝန်ခေါ်ပေးရ မလားဟင်?"

"ထယ်ရယ်.....ကိုယ်သက်သာပါတယ်၊ ပြီးတော့ အခုပဲ
ဆရာဝန်စစ်ဆေးပြီးလို့ပြန်သွားတာလေ၊ ခေါ်စရာမလိုပါဘူး....."

"ထယ်က စိတ်ပူလို့ပါ...."

ဂျောင်ကု မျက်စိရှေ့ တွင် နှုတ်ခမ်းလေးဆူလျက် ပြောနေ
ပါသော ထယ်ယောင်းကိုကြည့်၍ အသည်းတွေကတယားယား။
မနေနိုင်တဲ့အဆုံး ချစ်ရသူရဲ့ ပါးလေးတစ်ဖက်ကို အသာ
အယာဆွဲလိုက်မိသည်။

"Appa နဲ့ Omma ကော...?"

"ထယ် ဖုန်းဆက်ထားတယ် ခဏနေ ရောက်လာလိမ့်မယ်....."

စကားပြောလို့မှ မဆုံးခင် တံခါးဖွင့်သံနှင့်အတူ Appa နဲ့
Omma ရောက်လို့လာသည်။

"သား...... မေမေ့သားလေး...."

မျက်ရည်တွေဝဲလျက် ကိုယ့်ကိုလာဖက်သော Omma ကို တင်းကျပ်စွာပြန်လည်ဖက်လိုက်သည်။

"Omma မငိုနဲ့တော့နော်၊ သား ဘာမှမဖြစ်ဘူး...."

"သားရယ်၊ ဒီ နှစ်နှစ်အတွင်း Omma ဘယ်လောက်
တောင် စိတ်သောကရောက်ခဲ့ရလဲ? ကျေးဇူးတင်ပါတယ်
သားရယ်.... ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်...."

‌သားအမိ နှစ်ယောက် အလွမ်းသည်နေပုံကိုတော့ Appa နဲ့ ထယ်ယောင်းက ဘေးကနေ ပြုံးပြီးရပ်ကြည့်
နေကြလေသည်.....

                            ********

"ထယ်..... ကိုယ့်အနားလာနေလေ! အဲဒါတွေလုပ်မနေနဲ့
ပစ်ထားလိုက်!"

"ဘယ်လိုလုပ်ပစ်ထားလို့ရမှာလဲ... ကိုကိုရဲ့ ၊ အဝတ်တွေ
ကော၊ ပစ္စည်းတွေကော အရင်ထည့်သိမ်းထားမှရမှာပေါ့၊
မနက်ဖြန်ပဲဆေးရုံဆင်းရတော့မယ့်ဟာကို!"

မနက်ဖြန်ဆေးရုံဆင်းရမည်မို့ အဝတ်‌တွေ သိမ်းနေတုန်း
ကုတင်ပေါ်ကနေ ကလေးလိုချွဲလျက် လက်ပြခေါ်နေ
သော ကိုကို့ကြောင့် ရယ်ချင်စိတ်ကိုအောင့်ထားရသည်။

ပြန်သတိရလာပြီးကတည်းက ကိုကိုသည် အရင်ကထက်
ပိုချွဲလာသလို အရင်ကထက်လည်း ကလေးဆိုးဆိုးလာ
လေသည်။
ထစ်ခနဲရှိ ထယ် ထယ် နှင့် ထယ်ဆိုတာကို ပါးစပ်ကမချ။
သူ့အလိုကို ငြင်းမိပြန်ရင်လည်း နှုတ်ခမ်းကြီးဆူပြီး ကလေးတစ်ယောက်လို စိတ်ကောက်တတ်သေးသည်။

If You Can See (Completed)Where stories live. Discover now