Zawgyi Version
2000 ခုနှစ်,စက်တင်ဘာလ 1 ရက်နေ့ 
ထိုနေ့ သည် Jeon Family Group ၏အငယ်ဆုံး
သားလေးလည်းဖြစ်၊အချစ်ရဆုံးသောသားလေးလည်းဖြစ်
သည့် Jeon Jungkook ၏ သုံးနှစ်ပြည့်မွေးနေ့ဖြစ်သည်။
Jeon မျိုးရိုး၏ သခင်ပေါက်စလေးအား မိဘတွေနဲ့အကို
ဖြစ်သူက လိုလေသေးမရှိ လိုချင်တာမှန်သမျှဝယ်ပေးကာ
ဖူးဖူးမှုတ်ထားကြသည်။ယခုလည်းထိုကလေးလေး၏မွေးနေ့ဖြစ်တာကြောင့်
အိမ်ရှိ အစေခံများအားလုံးအလုပ်ရှုပ်နေကြလေသည်။
ထိုစဉ် အိမ်တော်ရှိလှေကားကို ဝုန်းဝုန်းဒိုင်းဒိုင်းဖြင့်
ပြေးဆင်းလာသော ခြေထောက်သေးသေးလေး။"Appa...Omma.."
အသံလေးမပီကလာ ပီကလာဖြင့် အဖေနဲ့အမေအား
အော်ခေါ်ပြီး အပြေးဆင်းလာပါသော ကလေးပေါက်စလေး။"ကဲ...လာပါဦး Appa ရဲ့  ပေါက်စလေး.."
အဖေဖြစ်သူ၏ ရင်ခွင်ထဲအပြေးဝင်ကာ ချွဲနေပုံက တွေ့ ရသူ
တွေအတွက် ကြည်နူးစရာပုံလေးပင်။"Appa...ဒီနေ့က ဘာနေ့လဲဆိုတာ သိတယ်မလားဟင်"
"သိတာပေါ့...ဒီနေ့က ပေါက်စလေးရဲ့ မွေးနေ့လေ။"
"ခစ်...ခစ် Appa ကမှတ်မိသားပဲ"
"Omma တို့က ဘယ်တုန်းကမေ့ဖူးလို့လဲ?သားလေးရဲ့ "
"ပြီးတော့ Appa တို့က သားအတွက် မွေးနေ့လက်ဆောင် ပြင်ဆင်ထားတယ်။"
"ဘာလဲဟင်..?"
"သားအခုညီလေးတစ်ယောက်ရတော့မှာ။"
"ညီလေး..?Omma မွေးပေးမှာလားဟင်..?"
"ဟင့်အင်း...Omma မွေးမှာမဟုတ်ဘူး။"
Omma ကပြောရင်းနဲ့ အခန်းတစ်ခန်းထဲဝင်သွားပြီး
ကောင်လေးတစ်ယောက်ကိုခေါ်ကာပြန်ထွက်လာသည်။"ဒီမှာ...ဒါကသားရဲ့ ညီလေး"
"ဟင်...သူကသားရဲ့ ညီ?"
"ဟုတ်တယ်....သားထက်သုံးလလောက်ပဲငယ်တာ"
"Omma ကလည်း အကိုရောသားရော သားနှစ်ယောက်
တောင်ရှိတာကို မွေးစားရင်လည်း ညီမလေးဖြစ်ဖြစ်မွေးစား
ပါလား။ အခုကသားနဲ့ရွယ်တူကြီး။"
YOU ARE READING
If You Can See (Completed)
RomanceTaekook yaoi Written in both Unicode and Zawgyi Versions