Episode-13

11.2K 870 33
                                    

Zawgyi Version

ရေချိုးခန်းထဲရှိ မှန်ထဲတွင် တွေ့ ရသော ကိုယ့်ပုံရိပ်ကိုယ်
အားမလိုအားအရဖြစ်လျက် ထယ်ယောင်းတစ်ချက်ရယ်မိ
သည်။
ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ဂျောင်ကုကိုမုန်း
သွားပြီလို့ ကိုယ့်ကိုကိုယ်အထင်ကြီးစွာ ထင်ခဲ့မိသော်
လည်း မမုန်းနိုင်သေးမှန်း ကိုယ်ကလွဲရင် မည်သူသိမည်နည်း။

ဦးနှောက်အသိနဲ့နှလုံးသားအသိ ထပ်တူမကျစွာ လွန်ဆွဲ
နေရသော ကိုယ့်အဖြစ်ကိုယ် ရယ်ချင်မိပါသည်။
တစ်ခါတလေတော့လည်း အမှတ်မရှိလေသောနှလုံးသား
ကို ဆွဲထုတ်ပစ်လိုက်လို့ရလျှင်ကောင်းသားဟူသော
ကလေးဆန်ဆန်အတွေးမျိုးလည်း ဝင်တတ်သေးသည်။

လူတွေက ကိုယ့်ကိုနာကျင်စေသည့်အရာတွေကိုမှ ပို၍
ဆုပ်ကိုင်ထားချင်ကြသည်မှာ ရယ်စရာကောင်းလှသည်။
ဝမ်းနည်းမိသည်ကထိုသို့သောလူသားတွေထဲ ကျွန်တော်ပါ ပါဝင်သည်မို့.....။

မင်းသိလားဂျောင်ကု.....?
ငါ မင်းကို မချစ်တော့ဘူးဆိုတဲ့စကား ပြောထွက်ခဲ့ပေမယ့်
မုန်းပါတယ်ဆိုတဲ့စကားကိုတော့ ဒီပါးစပ်ကနေပြော
မထွက်ခဲ့ဘူး။
မင်းကတော့ အဲ့စကားကို ငါ့ဆီ အကြိမ်ပေါင်းများစွာ
အလွယ်တကူပြောထွက်ခဲ့ပေမယ့်ပေါ့.....။

မင်းအရှေ့ မှာ ငါ့ခံစားချက်တွေကို ချိုးနှိမ်ထားရတာ ပင်ပန်းလွန်းတယ် ဂျောင်ကု....။
ဒါပေမယ့် မင်းသိလား..... ငါ့ခံစားချက်တွေကို ဆက်ပြီး
ချိုးနှိမ်ထားအုံးမှာ......
အဲဒါကပင်ပန်းလည်း ငါဆက်လုပ်နေအုံးမှာပဲ...
ဘာလို့လည်းဆိုတော့ ငါ မင်းကို ကြောက်လို့.....။
မင်းရဲ့ အထင်သေးတဲ့အကြည့်တွေကို ကြောက်လို့...
မင်းရဲ့ နာကျင်စေတဲ့စကားလုံးတွေကိုကြောက်လို့.....
မင်း ငါ့ကိုချစ်တယ်ဆိုပြီးလိမ်နေမှာကိုကြောက်လို့....။

အဲဒါကြောင့် ငါဆက်ပြီးမင်းကိုမချစ်ဟန်ပဲဆောင်ပါရစေ။

သက်ပြင်းတစ်ချက်ချကာ ရေပန်းမှေ‌ခါင်းပေါ်စီးကျလာ
သော ရေစက်များကိုမျက်စိမှိတ်လျက်ခံယူလိုက်သည်။

ဒီနေ့အိမ်မှာလည်းမနေချင်၊ ဓာတ်ပုံရိုက်ဖို့အလုပ်လည်း
မရှိတာနဲ့ ဂျီမင်းနဲ့အတူဆိုင်ထိုင်ရန် ဆိုင်ကိုပဲသွားရန်
ပြင်လိုက်သည်။
အလုပ်မရှိဆို ဓာတ်ပုံရိုက်ဖို့ပြင်ထားတဲ့ပွဲတွေ၊ အစီအစဉ်
တွေကို ကိုယ့်ဘက်ကပဲစဖျက်သိမ်းခဲ့သည်လေ.....
ဒီလိုအခြေအနေမျိုးကြီးမှာ ဘယ်သူ့ကိုမှရင်မဆိုင်ရဲသေးလို့.....

If You Can See (Completed)Where stories live. Discover now