Zawgyi Versionမနေ့ ကဖြစ်သွားတဲ့ကိစ္စကြောင့် နှစ်ယောက်သားတစ်
ယောက်ကိုတစ်ယောက်ရှောင်ရင်း အိမ်မှာတောင်စကား
မပြောဖြစ်ကြပေ။အခုလည်း Appa ,Omma နဲ့ Yoongi hyung တို့
ရဲ့ စကားသံတွေသာ နေရာယူထားတဲ့ မနက်စာစားပွဲဝိုင်း
တွင်လည်း နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်ရင်း
တိတ်ဆိတ်နေမိကြပေသည်။ပုံမှန်မဟုတ်သောအခြေအနေကို သိဟန်တူသော Omma က ကိုယ်တို့နှစ်ယောက်ကိုကြည့်၍
"သားတို့နှစ်ယောက် ရန်ဖြစ်ထားသေးလား?"
ပန်းကန်ထဲတွင်ရှိနေသော ထမင်းကြော်ကို ဇွန်းဖြင့်
အကြောင်းအရင်းမရှိထိုးမွှေနှောက်နေရင်းမှ Omma ၏
စကားသံကြောင့် သတိဝင်လာမိကာ မျက်လုံးအကြည့်များ
ကို မျက်နှာချင်းဆိုင်မှာရှိတဲ့ ကိုကို့ဆီ ရုတ်တရက်ပို့လိုက်
မိသေးသည်။ကိုယ်ကသာထိုကိစ္စကြောင့် စိတ်ညစ်နေတာ။
သူကတော့ မေ့တောင်မေ့သွားပြီထင်၏၊ ဘာမှမဖြစ်ထား
သလို မျက်နှာပေးဖြင့် အေးအေးဆေးဆေးသာ ထမင်း
ကြော်ကို စားနေလေသည်။ပြန်ဖြေမည့်ပုံမရသော ကိုကို့ကြောင့် ကိုယ်ကပဲ omma
ကိုပြန်ဖြေလိုက်ရသည်။"ရန်မဖြစ်ပါဘူး၊ Omma"
"မသိပါဘူးအေ၊ မနေ့က သား ဂျောင်ကုက ထယ်လေးရဲ့ 
ဆိုင်လိပ်စာကိုမေးပြီး ကောက်ခါငင်ခါ ထွက်သွားတယ်
လေ၊ ပြန်လာတော့ ဒေါသထွက်နေတဲ့ပုံနဲ့ ဝုန်းဒိုင်းကြဲလာ
တာကိုး၊ Omma က သားတို့များရန်ဖြစ်လာတယ်ထင်
တာပေါ့""မဟုတ်ပါဘူး Omma , သား ဒေါသထွက်တာ တခြား
အကြောင်းကြောင့်ပါ။"တစ်ချိန်လုံးငြိမ်နေသော ကိုကိုက အခုမှစကားစပြော
တော့သည်။"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ သားတို့ရန်မဖြစ်ရင်ပြီးတာပါပဲ။"
မျက်နှာချင်းဆိုင်ထိုင်နေရာမှ တစ်ချက်တစ်ချက် အကြည့်
ချင်းဆုံမိတော့ မနေ့က အကြည့်တွေက အခုထိမပြောင်း
လဲသေးပေ။
ကိုယ့်ကိုအထင်သေးသော အကြည့်တွေ လည်း ရောပါ
နေသေးသည်။
ကိုကို ကျွန်တော့်ကို ထပ်အထင်မလွဲအောင် ကျွန်တော်
ဘာလုပ်ရမလဲ ကိုကိုရယ်။
YOU ARE READING
If You Can See (Completed)
RomanceTaekook yaoi Written in both Unicode and Zawgyi Versions