Episode-10

9.7K 856 21
                                    


Zawgyi Version

"မင်းတို့နှစ်ယောက် အမြန်ဆုံးလက်ထပ်ရမယ်!!"

"Appa....."

Appa ရဲ့ စကားကြောင့် ‌အံ့ဩမိစွာ Appa ကိုကြည့်မိ
တော့

"ဘာလဲ ဂျောင်ကု...? လက်မထပ်ချင်ဘူးလား?"

"....."

"ဒီဓာတ်ပုံတွေကိုရိုက်တဲ့လူက ဘယ်လိုရည်ရွယ်ချက်နဲ့
ရိုက်ပြီး ဘယ်လိုရည်ရွယ်ချက်နဲ့ ငါတို့ဆီပို့မှန်းမသိပေမယ့်
ဒီဓာတ်ပုံတွေသာ အင်တာနက်ပေါ်ရောက်သွားကြည့်စမ်း!!  ထယ်လေးရဲ့ နာမည်လဲပျက်ရမယ်! ငါတို့မိသားစု
လည်း သားအရင်းနဲ့မွေးစားသား ခိုးစားနေပါတယ်‌ဆိုပြီး
သတင်းတွေထွက်လာလိမ့်မယ်!! အဲ့တော့ အဲဒီ့လိုတွေ
ဖြစ်မလာခင် ငါတို့ဘက်က လက်ထပ်ပွဲအရင်လုပ်ရမယ်"

"ဒါပေမယ့် Appa...."

"မင်းဘာဖြစ်ချင်သေးလို့လဲ ဂျောင်ကု ..... မင်းနဲ့
ထယ်ယောင်းလည်း ကြိုက်နေကြလို့ ဒီအခြေအနေထိ
တောင်ရောက်လာကြတာပဲ မဟုတ်ဘူးလား!!
ဒါပေမယ့်တွေ ဘာတွေ လာလုပ်မနေနဲ့ ငါ့စကားပဲ
နားထောင်ကြ!!"

Appa က ထိုင်နေရာမှထကာ လှေလှေကားသို့တက်ရန်
အပြု ထယ်ယောင်းက Appa လက်ကိုဆွဲကိုင်ကာ

"Appa ...တကယ်တော့ ထယ်တို့က..."

"တော်တော့ ထယ်လေး! ဘာမှမပြောနဲ့တော့! ငါစကား
အကုန်ပြောပြီးပြီ။"

ပြောကာအပေါ်တက်သွားသော Appa ကြောင့် ရှင်းပြ
မည့်စကားလုံးများရှာမရတော့။

ဘေးနားရပ်နေတဲ့ ဂျောင်ကုကိုကြည့်လိုက်တော့လည်း
လက်သီးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကာ တောင့်တောင့်
ကြီးရပ်နေလေသည်။

ထို့ကြောင့် Omma ကိုရှင်းပြရန် ထယ်ယောင်းစကားဟ
မိတော့

"Omma....ထယ်ရှင်းပြတာခနလောက်နားထောင်..."

"ဘာကိုရှင်းပြမလို့လဲ? မင်းတို့နှစ်ယောက်ဒီရက်ပိုင်း
မူမမှန်ဖြစ်နေတာ ဒီအကြောင်းကြောင့်မလား?
မင်းတို့ကွယ်၊ ကြိုက်နေကြရင်လည်း လူကြီးတွေကိုပြော
ပါလား၊ Omma တို့က ငြင်းမှာကျနေတာပဲ။
အခုလိုအခြေအနေကြီးအထိတော့ မဖြစ်သင့်ဘူးလေ၊
အခုမှတော့ ဘာမှပြောမနေကြတော့နဲ့ မင်းတို့ Appa
စကားပဲနားထောင်ကြတော့!"

If You Can See (Completed)Where stories live. Discover now