Episode-5

9.5K 894 21
                                    

Zawgyi Version

Jungkook's Pov

ကားပေါ်ကဆင်းဆင်းချင်းကြောင်ကြည့်နေသော ကောင်လေးရဲ့ ကိုယ်လုံးကို အသာဖက်လိုက်မိတော့
ထိုကောင်လေးက တစ်ချက်တုန်သွားသေးသည်။
ဘာရယ်မဟုတ်သူ့ရဲ့ အပြုအမူလေးကချစ်ဖို့ကောင်းလိုက်
တာလို့တောင်သွားတွေးမိသေး။

ခနအကြာမှ သူ့ကိုပြန်လွှတ်ပေးပြီး အိမ်ထဲကိုဝင်လာလိုက်တော့သည်။
ထိုအခါထယ်ယောင်းက အိမ်ထဲကိုလိုက်မဝင်ဘဲ တံခါးဝ
ကနေ..

"Omma....သား ဆိုင်သွားတော့မယ်။"

"ဪ...အေး...သား။ နေ့လယ်စာစားချိန်တော့ပြန်လာ
နော် သား။ Omma တို့မိသားစုတွေ ထမင်းလက်စုံမစားရတာကြာပြီ။"

"Nae..."

Omma ဆီမှခွင့်ရတာနဲ့ အရိပ်တောင်မမြင်ရ၊ လှစ်ခနဲ
ပြေးထွက်သွားပါသော ကောင်လေးပါလေ။

"ကဲ...ကိုယ်တော့နားချင်ပြီ၊ မိန်းမရေ၊ အပေါ်ထပ်တက်
တော့မယ်၊"

"ဟုတ်..."

Appa နဲ့ Yoongi hyung လည်းသူတို့အခန်းဆီ
သွားကြလေသည်။
ကျန်ခဲ့သူတွေကတော့ ကိုယ်နဲ့ Omma ပင်။

"Omma...ထယ်ယောင်းက ဘယ်ကိုသွားတာလဲ?"

"ထယ်လေးက ဂျီမင်းနဲ့အတူ coffee ဆိုင်လေးတစ်ဆိုင်
ဖွင့်ထားတယ်လေ။ အဲ့ဒီ့ကိုသွားတာ။"

"အော်..."

"ထယ်လေးက အရမ်းတော်တာပဲ၊ ဘွဲ့ ရပြီးတာနဲ့ သူဖြစ်
ချင်တဲ့ photographer တစ်ယောက်ဖြစ်အောင်လုပ်
တယ်၊ အခုဆိုထယ်လေးက နာမည်ကြီး photographer ဖြစ်နေပြီလေ၊ ကိုရီးယားမှာဆိုရင်
Vante ဆိုတာကိုမသိတဲ့သူရှားတယ်။"

"Vante..? ထယ်ယောင်းက Vante လား?"

"အေးလေ...သားက ထယ်လေးအကြောင်းဆိုရင် စိတ်မှ
မဝင်စားတာ၊ ထယ်လေးအကြောင်း Omma မင်းကို
ပြောပြလည်း မင်းကမှ နားမထောင်တာ။အခုတော့
ထယ်လေး ဘယ်လောက်တော်လဲသိပြီမလား?"

"အင်းပါ...ဒါနဲ့...သူတို့ဆိုင် လိပ်စာက ဘာလဲဟင်?"

                      **************

Paradise ဟူသော coffee shop ၏တံခါးကို
ထယ်ယောင်းဆွဲဖွင့်လိုက်သည်နှင့်  ဂျီမင်း၏ အသံဆာ
ဆာလေးက နားထဲသို့ဝင်လာလေသည်။

If You Can See (Completed)Where stories live. Discover now