Zawgyi Version
"ထယ်ယောင်း......မင်းကိုကိုက အန်နာနဲ့ရည်းစားတွေ
ဖြစ်သွားပြီလား?""ဟန်....ဘာလို့မေးတာလဲ?"
"ဟိုမှာလေ...ကြည့်ဦး..ကျောင်း canteen ကိုတောင်
လက်ချင်းတွဲပြီးလာနေတာ။"ဂျီမင်းပြောမှ ထမင်းကြော်ကိုစားနေရာကနေ canteen
အဝင်ဝကိုလှမ်းကြည့်မိသည်။
ဟုတ်ပါရဲ့ ....ကိုကိုနဲ့အန်နာတစ်ယောက်လက်ကိုတစ်
ယောက်တွဲပြီး လာနေကြတာ။"နှစ်ယောက်ကလိုက်သားပဲ..။"
"Ya....မင်းအဲ့လောက်တောင်တုံးရလား? ကိုယ်ချစ်ရတဲ့သူတစ်ယောက်လုံးတခြားတစ်ယောက်နဲ့တွဲနေတာကို
မင်းမို့လို့လိုက်တယ်ဆိုတဲ့စကားပြောထွက်တယ်။""ငါကသာချစ်နေတာလေ။ သူကတော့ငါ့ကိုချစ်ဖို့မပြောနဲ့၊
မျက်လုံးထဲတောင်မထည့်တာကို၊ ဘာပဲဖြစ်ဖြစ်သူပျော်
ရင်ငါလည်းပျော်ပါတယ်။""မင်းကတော့လေ....စေတနာရှင်ကြီးလိုလို ကရုဏာရှင်
ကြီးလိုလိုနဲ့၊""ကဲပါ...စကားများမနေနဲ့၊ စားစရာရှိတာစား အတန်းတက်ရဦးမယ်။"
ဂျီမင်းကမကျေမချမ်းပြောနေသည်ကို စကားစဖြတ်၍
ကိုယ်လည်းစားစရာရှိသည်ကိုသာ ဆက်စားနေလိုက်
တော့သည်။
စားနေရင်းတစ်ချက် တစ်ချက် ကိုကိုရှိသည့်စားပွဲဝိုင်းဘက်သို့ အကြည့်ပို့မိတော့...အန်နာနဲ့အတူ စကားပြော
လိုက်၊ ရယ်မောလိုက်၊ အန်နာရဲ့ ပါးစပ်မှာပေနေတဲ့ မုန့်
တွေကို တယုတယ သုတ်ပေးနေတဲ့ ကိုကိုရဲ့ ပုံစံကိုမြင်
ရသည်။
သက်ပြင်းတစ်ချက်သာ အသာချ၍ ကိုကို့ဆီကနေ
အကြည့်လွှဲလိုက်တော့သည်။"သွားမယ်လေ၊ဂျီမင်း..မင်းပြီးပြီမလား?"
"အင်း..ငါကပြီးပြီ၊ မင်းမစားတော့ဘူးလား? ဘယ်လောက်မှလဲမကုန်ဘူး၊ ပြောတော့မင်းပဲဗိုက်ဆာ
လို့ဆို?""အခုမဆာတော့ဘူး၊ အဆာလွန်သွားလို့ထင်တယ်၊
သွားမယ်။""အေးပါ..."
🌸🌸🌸🌸🌸🌸
"ငါသွားတော့မယ်နော်...ထယ်ယောင်း။မနက်လာ ကြိုမယ်။"
YOU ARE READING
If You Can See (Completed)
RomanceTaekook yaoi Written in both Unicode and Zawgyi Versions