Episode-19

7.8K 698 20
                                    


Zawgyi Version

# 2 နှစ်ခန့်ကြာသော်.....#

"ကျေးဇူးတင်ပါတယ် ထယ်ယောင်းရှီ၊ ထယ်ယောင်းရိုက်
ပေးတဲ့ ပွဲကပုံလေးတွေက အရမ်းလှတာပဲ......
ကျွန်တော့်ရဲ့ ပွဲလေးအဆင်ပြေ‌ပြေပြီးသွားတာ
ထယ်ယောင်းရှီရဲ့ ကျေးဇူးကြောင့်ပါ......"

"ရပါတယ် ခင်ဗျ....."

"အဲဒါဆို ကျွန်တော့်ကိုခွင့်ပြုပါအုံး၊ နောက်မှတွေ့ ကြတာ
ပေါ့...."

"Nae...."

တစ်ဖက်လူ ဆိုင်ထဲကထွက်သွားတာကို ကြည့်လိုက်ပြီး
နောက် ခုံပေါ်ပြန်ထိုင်ရင်း ‌ဆိုင်ကိုကာထားတဲ့မှန်ဆီခေါင်း
လေးတင်ကာ အပြင်ဘက်ကိုငေးကြည့်မိသည်။

တဖြောက်ဖြောက်နဲ့ ရွာနေတဲ့မိုးက မနက်မိုးလင်းခါနီးကနေ အခု နေ့လည် ၁၁ နာရီအထိ မတိတ်သေး။
နေမင်းကြီးလည်း အုံ့မှိုင်းတဲ့တိမ်တွေရဲ့ အနောက်မှာ
ရှောင်ပုန်းလို့ကောင်းတုန်းပင်။
မှန်တံခါးကနေ တစ်စက်ချင်းဆီကျနေပါသော မိုးရေစက်
ကလေးများကိုကြည့်ရင်း ဘာကြောင့်မှန်းမသိ စိုစွတ်လာ
သော မျက်ဝန်းများ......

၂ နှစ်....... ၊
အချိန်တွေများကုန်ဆုံးနေတာ ၂ နှစ်ကြီးများတောင်ရှိ
သွားပြီ.....။
ဒီ ၂ နှစ်ဆိုတဲ့အချိန်က ကိုယ့်အတွက်တော့ နှစ် ၂၀ ထက်
တောင် ကြာနေသယောင်ပင်။

မျက်ဝန်းကနေတစ်ဆင့် ပါးပြင်ပေါ်သို့ ကျလာပါသော မျက်ရည်များကိုသုတ်ကာ ဆိုင်ထဲကနေထွက်ကာ
ကားမောင်းလာခဲ့သည်။

ပန်းဆိုင်လေးတစ်ဆိုင်ရှေ့ အရောက် ကားကိုရပ်လိုက်ကာ အဖြူ ရောင်နှင်းဆီပန်း များဝင်ဝယ်ခဲ့သေးသည်။
ကိုယ်သွားချင်သောနေရာကိုရောက်တော့ ကားပါကင်မှာ
ကားကိုရပ်ကာ နှင်းဆီပန်းများကိုလက်ကကိုင်လျက်
အဆောက်အဦးထဲသို့ ဝင်လာလိုက်သည်။

VIP ROOM ဟု ချိတ်ထားပါသော အခန်းတံခါးကို
ဖွင့်လိုက်သည်နှင့် အခန်းရဲ့ ကြိုဆိုသူမရှိတဲ့အေးစက်စက်
လေထုက ဆီးကြိုလေသည်။

တိတ်ဆိတ်နေသောအခန်းထဲ နှလုံးခုန်နှုန်းစမ်းသောစက်
၏ တီတီတီ ဟူ‌သော အဆက်မပြတ်မြည်နေသံမှလွဲ၍
ဘာအသံမှမကြားရ။
ဆေးရုံကုတင်ပေါ်တွင် ၂ နှစ် လုံးလုံး အိပ်စက်နေပါသော
ချစ်ရသူသည်လည်း နိုးထမလာသေးဘဲ  အိပ်စက်မြဲအိပ်စက်ဆဲသာ.....

If You Can See (Completed)Where stories live. Discover now