Zawgyi version,
*Byolလေးရေ ထတော့ ကျောင်းသွားရမယ်...နောက်ကျနေပီ*
*ဟင်....ထပီarjimarရေ....အရမ်းနောက်ကျပီလားဟင်..*
*သိပ်တော့နောက်မကျသေးပါဘူးByolလေးရယ်....ဘာလို့လဲ*
*မဟူတ်ဘူးJung Kookကိုနှိုးဖို့ နောက်ကျနေမှာစိုးလို့*
*aww ဘာများလဲလို့...အာ့ဆိုလည်း ပြင်ဆင်ပီးဆင်းလာခဲ့နော် arjimar အောက်မှာမနက်စာပြင်ပီးစောင့်နေမယ်*
*nae*
Arjimar ထွက်သွားတော့ ကုတင်ဘေးနားက ဖုန်းကိုယူပီးJung Kookဆီဖုန်းဆက်ရသည်....ဒါဟာ သူ့ရဲ့နေစဉ်လုပ်ငန်းတာဝန်တွေထဲက ပထမဦးဆုံးအရာပင်.....
အမြဲအိပ်ရာထနောက်ကျပီး ကျောင်းနောက်ကျတတ်တဲ့Jung Kookကိုသူအမြဲ ဖုန်းနဲ့နှိုးပေးရသည်....Jung kookကလည်း သူဖုန်းဆက်မှအိပ်ရထတတ်တဲ့အကျင့်ရှိသည်.....
*တီ...တီ...တီ...*
*omm Byolလား*
*အေး...ထတော့နော်Jung kook*
*omm omm*
*တကယ်ထတော့နော် မင်းကျောင်းနောက်ကျရင် ငါမခေါ်တော့ဘူး*
*အေးပါထပါပီByolရာ*
*ပီးရော*
ထို့နောက် Jung Kookကိုနှိုးပီးတာနဲ့ သူလည်း ကျောင်းသွားဖို့ပြင်ဆင်ခဲ့ရသည်....
အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေသော appaနဲ့သူ့ရဲ့မိထွေး...
*appa company မသွားသေးဘူးလား*
*omm Byolလေးကိုကျောင်းလိုက်ပို့ရင်း appa တို့သားဖနှစ်ယောက် အပြင်မှာမနက်စာအတူစားချင်လို့စောင့်နေတာ*
*ဟီး...တကယ်လား..*
*ဒါပေါ့....ပြင်လို့ပီးပီမလား*
*nae appa*
*အာ့ဆိုသွားရအောင်*
*nae*
Appaလည်းသူ့ပုခုံးလာဖက်ပီး အပြင်သို့ထွက်လာခဲ့သည်....