Zawgyi Version,
အခန်းအောင်းပီး gameဆော့တာ ဒီနေ့နဲ့ဆိုရင် သုံးရက်မြောက်ပင်........
Gameထဲသို့စိတ်နှစ်ထားသော်လည်း ဘာကြောင့်မှန်းမသိ စိတ်ထဲလေးလံနေပီး ဆော့သမျှ Gameတိုင်း ရှုံးနေခဲ့သည်.........
ဒိ့ထက်ပိုပီး မဆော့ချင်လာသောကြောင့် computer ကို ပိတ်ကာ လက်ကိုအကြောဆန့်ပီး သုံးရက်လုံး ရေမချိုးရသေးသောကြောင့် ရေချိုးရန် ရေချိုးခန်းထဲဝင်သွားလိုက်သည်.........
ကုတင်ပေါ်တွင် ဖုန်းလေးကိုတော့မကြည့်မိခဲ့...........
........................
ရေမိုးချိုးပီး ဗီဒိုထဲက ဂျင်းဘောင်းဘီအရှည်နဲ့ shirt အဖြူထုတ်ကာ ၀တ်ပီး ကိုယ့်ကိုကိုယ်မှန်ထဲပြန်ကြည့်မိသည်.............
သူ့ကိုယ်သူ ရှာတွေ့ခဲ့ပီး သူ့စိတ်ကိုသူ အမှန်တိုင်း ၀န်ခံလိုက်သောကြောင့် အရင်နေ့တွေကထက် ပိုပီး ပေါ့ပါးနေခဲ့သည်.........
*ငါချစ်တာ မင်းပဲByol.......* လို့တယောက်ထဲ ပြောပီး ကုတင်ပေါ်က ဖုန်းလေးကိုယူပီး power ဖွင့်ကြည့်မိလိုက်သည်.........
Power ဖွင့်လိုက်တော့ missed call များစွာရဲ့notiတွေ.....
Seok Jin Hyungနဲ့ Tae Hyungက အများဆုံးခေါ်ထားပီး သူ့ရဲ့Byolကတော့သူ့ကို တခါသာခေါ်ဆိုထားသည်........
ထို့နောက် သူလည်း Byolကို အရင်ဆက်လိုက်သည်.....
*လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ တပ်ဆင်ထားခြင်းမရှိပါသဖြင့်......*
*ဟင်.....Byolရဲ့ ဖုန်းက ဘာလို့တပ်ဆင်ထားခြင်းမရှိတာလဲ*
Byolဆီဆက်မရတော့ Seok Jin Hyungဆီဆက်လိုက်သည်.......
*တီ.....တီ.....တီ......*
Seok Jin Hyung ရဲ့ဖုန်းကလည်း ၀င်ရဲ့သားနဲ့ မကိုင်သောကြောင့် နောက်ဆုံးTae Hyungကိုသာ လှမ်းဆက်လိုက်သည်.....
*Tae Hyung yrr*
*omm Jung Kook ငါမင်းဆီ အခုလာတော့မလို့*