Zawgyi Version,
Jiminနဲ့Jung Kookအိမ်လာတော့ သူလည်း အထွေအထူး ဧည့်ခံစရာ မလိုသောကြောင့် အပေါ်ထပ်သာတက်လာခဲ့သည်.......
သို့သော် မနှစ်ကJiminမွေးနေ့မှာ သူပေးဖို့လုပ်ခဲ့တဲ့ လက်ဆောင်လေးကို Jiminပြန်ရင်ပေးလိုက်ရန် အောက်ထပ်ကို တခေါက်ပြန်ဆင်းလာရပြန်သည်.....
အောက်ထပ်မရောက်ခင် လှေကားအကွယ်လေးက ကြားလိုက်ရသော စကားများကြောင့် သူခြေလှမ်းများရပ်တန့်သွားခဲ့သည်.......
"Omma, Jiminအပေါ်သားတယောက်လို ဆက်ဆံတယ်ဆိုတာ လိမ်နေတာ....Ommaကို မုန်းလိုက်တာ"
Ommaနဲ့Jiminနဲ့စကားပြောနေတာကို အစအဆုံး သူနားထောင်နေတုန်း Jimin ကို ရိုက်ရန်လက်ရွယ်လိုက်သော ommaကြောင့် သူသွားတားရန်လုပ်သော်လည်း Jung Kookရောက်လာခဲ့သည်........
Jung Kookနဲ့Omma စကားအခြေအတင် ဖြစ်ပီး မကြာပါ သူရဲ့ခြေလှမ်းများသည် Ommaဆီသို့......
*Tae....Tae Hyung yrr*
*အဲ့ဒါအမှန်တွေလား....*
*ဘာ..ဘာကိုလဲသားလေးရဲ့*
Ommaသူ့ကိုကြည့်နေတဲ့အကြည့်တွေက တစုံတခုကို ကြောက်လန့်နေမှန်းသူသိပါသည်.....
*Omma ပြောတော့ Jiminကလည်း Ommaရဲ့သားပါဆို....Ommaပြောတော့ Jimin ကိုလည်းချစ်တာပါဆို*
*အဲ့....အဲ့ဒါက သားရယ် ommaရှင်းပြပါ့မယ်*
*မလိုချင်ဘူး ဘာမှမကြားချင်ဘူး.....Ommaတွေးမိရဲ့လား Jiminနာကျင်ခံစားခဲ့ရတဲ့အရာတွေရဲ့ အရင်းမြစ်က ကျွန်တော်တို့သားအမိပေါ်လာတဲ့နေ့ကပဲ*
*သား...သားလေး*
*Jiminကိုမသနားဘူးလား...ဟင်....Jiminရဲ့အမေနေရာကို ယူပီးJiminကို ခုလိုလုပ်ရက်နိုင်ရတာလဲ*
*အဲ့ဒါတွေအကုန်လုံးက သားလေးကောင်းဖို့အတွက်ပါသားရယ်*
*ဟက်....မရယ်ရဘူးသိလား Ommaပြောတဲ့ဟာသတွေက*
*Tae.....Tae Hyung*