Zawgyi version,
ကျောင်းပျက်တာ နှစ်ရက်ရှိနေပီ ဖြစ်သောကြောင့် ဒီနေ့ကျောင်းသွားတက်ရန် Appaနဲ့ Arjimar ကိုအတင်းပူဆာခဲ့ရသည်....
ဒါတောင် ကျောင်းဆင်းတဲ့အချိန်အထိ ကျောင်းရှေ့မှာ စောင့်နေမယ်လုပ်နေသော Appaကြောင့် လူကရယ်ရခက်ငိုရခက်ပေ....
*သားတို့ ကျောင်းသွားကြတော့မှာမလား*
*nae Omma*
*Byolလေးရော သက်သာရဲ့လား Ommaစိတ်ပူလို့ပါ*
*သက်သာနေပါပီ*
Apoaအရှေ့တွင်သာ စိတ်ပူပြနေတာ စိတ်ထဲမှာတော့ သူ့ကိုမြန်မြန်သေစေချင်တဲ့ပုံ ပေါ်နေသော သူမကို အတက်နိုင်ဆုံးပြုံးပြကာ ပြန်ဖြေခဲ့သည်....
*ဟို Appa*
*ommပြောလေ Tae Hyung*
*ကျွန်တော် ကားနဲ့မသွားတော့ဘူး Jiminကိုပဲကားနဲ့လိုက်ပို့ပေးလိုက်ပါနော်*
*ဘာဖြစ်လို့လဲTae Hyung*
*ဘာမှမဖြစ်ပါဘူး ဟို...ဟို လမ်းလျှောက်ချင်လို့*
*အာ့ဆိုလည်းကောင်းပီလေ Byolလေးပဲ ကားနဲ့သွားလိုက်နော်*
*nae*
သူသိတာပေါ့ Tae Hyungဘာလို့ကားမစီးလည်းဆိုတာ.....
သူလည်း အိမ်ရှေ့တွင် အသင့်စောင့်နေသော ကားပေါ်သို့တက်ကာ ကျောင်းသို့ထွက်လာခဲ့လိုက်သည်.......
ဒီနေ့နဲ့ဆိုရင် နှစ်ရက်မြောက်ပေ....Jung Kook, Tae Hyungကိုတွဲတာ....
"တရက်ကျန်သေးတာမို့လို့ ငါ့မျှော်လင့်ချက်ကလည်း 24Hours အပြည့်ရှိသေးတယ်Jung Kook"
................
ကားကိုဖြေးဖြေးသာမောင်းရန် ဒါရိုက်ဘာကို Appaက သတိပေးထားသောကြောင့် သူတို့ကားလေးမှာ တခြားကားတွေထက်နှေးနေပီး တရွေ့ရွေ့သာ သွားနေခဲ့သည်....
ကားဖြင့်ကျောင်းမသွားရတာကြာပီဖြစ်သောကြောင့် ကားမှန်ကိုချကာ အပြင်ကတိုက်ခတ်လာသော မနက်ခင်းနွေဦးလေလေးကို ရှုရှိုက် နေခဲ့သည်.......